ရည်ရွယ်ချက်ရှိရှိနဲ့မေ့ထားခဲ့ခြင်းမဟုတ်ကြောင်း
အချိန်လွန်သိရမှ နောင်တတွေ တပွေ့ကြီးရနေမိကြောင်း ဘယ်လိုစကားလုံးတွေနဲ့ဖြေရှင်းပြရမလဲ။ ဘယ်လိုတောင်းပန်မှုတွေနဲ့ ခွင့်လွှတ်ပေးမှုကိုတောင်းခံရပါ့မလဲ။သူကရော ခွင့်လွှတ်နိုင့်ပါ့မလား.....။ရေချိုးခန်းထဲမှ မှန်ကိုကြည့်ရင်းပေါက်ပြဲနေသောနှုတ်ခမ်းအား သူကိုယ်တိုင်ဆေးထည့်နေသည်။ ညကအိမ်ကိုဘယ်လိုပြန်ရောက်လာလဲမသိပင်မယ့် မေမေပြောတာတော့ ChaeEun အဖေနှင့် ဝန်ထမ်းတစ်ဦးလိုက်ပို့သည်ဟုသိရသည်။ နောက်ဆုံးမှတ်မိတာတော့ သန့်စင်ခန်းသွားရန်ခွင့်တောင်းပြီးထွက်လာခဲ့ခြင်းပင်။
ချော်လဲတာများလား.......။
"သားရေ...အောက်မှာ ChaeEunရောက်နေပြီ"
"ဟုတ်ကဲ့မေမေ"
မှန်အားပြူးပြဲ၍ကြည့်နေစဥ် ရေချိုးခန်းအပြင်ဘက်မှမေမေ့၏အသံကြောင့် လုပ်လက်စအလုပ်တို့ကိုအမြန်လုပ်လိုက်ရသည်။
အပြင်သွားရန်အတွက် ပြင်ဆင်ပြီးနောက် အောက်သို့ဆင်းလာခဲ့သည့်အခါ ChaeEunနှင့်မေမေက စကားပြောနေကြသည်။
Noraနှင့်နည်းတူ အပြိုင်လှလာသောChaeEun သည် ဒီဇိုင်နာသင်တန်းတက်နေသဖြင့်ပို၍ပြင်တတ်ဆင်တတ်ကာ သူမနှင့်လိုက်ဖက်မည့်အဝတ်အစားတို့ကိုသာဆင်မြန်းသဖြင့် ပို၍အလှသွေးကြွယ်လေသည်။ ရွှေအိုရောင်ဆံနွယ်တို့ကိုပြေပြေလေးကောက်ထားပြီး ပန်းနုရောင်ပေါင်အလယ်ကိုယ်ကျပ်အင်္ကျီဖြင့်သူမက လှတာတော့အမှန်ပင်။
ChaeEun က အရောင်နုနုတွေဖြင့် Athestic ဆန်ဆန်လှပြီး Nora က အရောင်ရင့်ရင့်တွေဖြင့် Classic ဆန်ဆန်လှသည်။
"သွားကြမယ်"
သူ၏အသံကြားသည့်အခါ ChaeEun က သူ့က်ိုမော့ကြည့်လာပြီး မေမေ့က်ိုနှုတ်ဆက်ကာ သူ့အနားသို့လျှောက်လာ၍လက်ကိုချိတ်တွဲလိုက်သည်။ သင်းပျံ့ပျံ့ နှင်းဆီရနံ့ကသူ့နှာခေါင်းသို့တိုးဝင်လာသောအခါ မသိမသာနှာခေါင်းရှုံ့မိသွားသည်။
ကျောင်းတုန်းက ဒယ်ဂူသို့ခရီးသွားပြီးပြန်လာကတည်းက သူ့နှာခေါင်းတွင် cream အနံ့ကဆွဲနေသည်။ အဲ့ဒီအနံ့မှလွဲ၍ကျန်သည့်အနံ့များကို သူမခံနိုင်။ ရနံ့ sensitive သမားမဟုတ်ပင်မယ့်ဘယ်ကစွဲနေမှန်းမသိသော creamအနံ့ကိုသာတန်းတန်းစွဲဖြစ်နေခဲ့သည်။ ထိုအနံ့နှင့်ဆင်တူသော တံဆိပ်ပေါင်းများစွာကိုရှာဝယ်ကြည့်သော်လည်းစိတ်တိုင်းမကျ။
