Part 1

2.8K 77 0
                                    

UNI CODE

ဦးညိုမြတ်
တရားလွှတ်တော်ရှေ့နေ

ခြံရှေ့က ဆိုင်းပုဒ်ကို ကြည့်၍ သျှမ်းမေဂုဏ် ခေတ္တငိုင်နေမိသည် ။ရုံးကိစ္စရှိ၍သာ ကိုယ့်အထက်လူကြီးအိမ်လာရသော်လည်း စိတ်မပါ။ လူတွေပြောသည့်မည်သည့် အတင်းမျှ အရေးတယူရှင်းရန်စိတ်ပါမနေပါ ။

တစ်သီးတသန့် စိတ်ညစ်နေစဥ် ဆရာ့ခြံထဲမှ ကောင်လေးတစ်ယောက် ထွက်လာပြီး မိမိကို အသေချာကြည့်၍ စပ်စုနေသည်။

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ မသိဘူး ခင်ဗျ"

"ဆရာနဲ့ပါ "

"ဘဘကြီးနဲ့ ကြီးကြီးက အပြင်သွားတယ်
အိမ်ထဲ၀င်စောင့်မလား "

"ဟုတ်ကဲ့ စောင့်လိုက်မယ်"

ဖိုးလုံး ခြံရှေ့က ဘဘကြီးတပည့်ကို အသေအချာအကဲခတ်နေရသည်။ အသားအရည်က ကြည်လင်နေပြီး ပိန်ပါးပါး ခန္တာကိုယ် ၀တ်ထားသည့် နက်ပြာရောင်၀တ်စုံထဲမှာ ပျောက်လုနီးနီး ။ ကတ္တီပါဖိနပ်ပါး အထက်မှ ခြေဖမိုးတို့က နီးဆွေးဆွေး။ မျက်နှာကျ ခပ်ရှင်းရှင်းထက် မည်သည့် မျက်နှာချေမျှမရှိ ။ အနှစ်ချုပ်ရလျှင် မိန်းမချော စာရင်း၀င်ပါ့။ စေ့စေ့ကြည့်နေသည် မိမိအား ရှိန်မသွားသည့်အပြင် တုတ်တုတ်မျှပင်ဂရုစိုက်မှုမရှိသော အမျိုးသမီးငယ်ထံမှာ အရှိန်အ၀ါ တစ်ခုကိန်းအောင်းနေပါလိမ့်မည် ။ ထိုမှာလဲ မထူးဆန်းပါ ဘဘကြီး တပည်ဆိုမှတော့ ပညာတတ်ဥပဒေဘွဲ့ရ ဖြစ်ပါလိမ့်မည်။
ဤမျှကြည့်နေ၍ ချောလားမေး ဟင်အင် ပါ
ဖိုးလုံးတို့ အိမ်မှာ အလှထိပ်ခေါင် မမညို ရှိပါသည်။ သူလှတာ မမညိုကို မမီရေးချ မမီပါလေ။ မိမိတစ်ဦးတည်း စစ်တိုက်နေစဥ် ဆရာသမား မှာ ၀င်သွားလေပြီ။ အဖတ်အရည် မည်သည်မှ လုပ်မသွားပါ။

                   * * * * * * * * *

ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေမိရင်း ဆရာနှင့်တိုင်ပင်ရမည့် မှုခင်းအကြောင်းတွေးနေမိသည်။ ငြိမ်လွန်းသည်ဟု ပြောကြသည်ကို သိသော်လည်း ထူးလုပ်ပြနေသည်မရှိ။ မျက်လွှာချကာ တွေးစရာရှိသည်သာတွေးနေမိသည်။ ရှေ့နေတစ်ဦးအနေနှင့် ​တရားခွင်မှာ ပြောလျှင်ရပြီ ထင်သည်။ ပြင်ပမှာ အဲ့သလောက်နှုတ်မသွက်သည်ကလည်း တကြောင်းမို့။ ဆယ့်ငါးမိနစ်ခန့် စောင့်နေသော်လည်း ဆရာ ပြန်မလာသေးပါ ။
ပထမဆုံးရောက်ဖူးသည့် အပြင် သူတစ်ပါးအိမ်ဖြစ်သောကြောင့် မျက်လုံးလည်းမကစားမိ။

My Wife is LawWhere stories live. Discover now