ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ အလွှာပေါင်းစုံမှာ ရှိတဲ့ လူထုလူတန်းစား အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
မဲဆွယ်ကာလ လည်းဖြစ်တာကြောင့် နိုင်ငံရေး ပါတီများ ၏မဲဆွယ်မှုများကိုလည်း ခပ်စိတ်စိတ်မြင်တွေ့နေပြီဖြစ်သည်။ထိုအခြေနေကို မေနိုင်းကို တို့ တစ်ဖွဲ့လုံးက
ကျားနာရီချိန် ဟု ခေါ်သည်။ ကျားနာရီဆိုသည်မှာ မနက် ၁ နာရီမှ ၄ နာရီ အတွင်းအချိန်ကို ဆိုလိုသည်။ မြန်မာအယူအရ အပုပ်ချိန် ခေါ်သော်လည်း ကိုရီးယားကား တတွင်းမှ ကျားနာရီချိန်ဟု ခေါ်တာတွေ့ဖူး၍ အပုပ်ချိန်မှာ နေ၍ ကျားနာရီချိန် ဟု
စကား၀ှက်သဘောမျိုးလုပ်ခေါ်ခြင်းဖြစ်သည်။အပုပ်ချိန် ဆိုသည့်သဘောက ပရလောက
နှင့် လူ့ဘုံ ဆက်စပ်နေသည့် အချိန်ဖြစ်သည်ဟု ဆိုသည်။ ထိုအချိန်အတွင်း ပရလောက သားများ မြူးသည်ဟု လူကြီးများပြောလေ့ရှိသည်။အထူးသဖြင့် မီးတောက်စုန်းများနှင့်
ပြိတ္တာများ။ယခုလည်း သေလျှင် ပြိတ္တာဖြစ်လောက်မည့် ကျေးဇူးရှင်တို့က ရွေးကောက်ပွဲ အကြောင်းပြကာ တရားမ၀င်မှောင်ခိုမှုများကို အားသွန်ခွန်စိုက်လုပ်နေသည်။ ၎င်းတို့ကျေးဇူးကြောင့် မေနိိုင်းကို တို့ အားရပါးရ အချိန်ပိုဆင်းနေရသည်။
ကျော်ကျော်ဗိုလို မင်းတို့ငါ့ကို ဘယ်ဘ၀ထိ ဒုဏ္ခပေးနေကြအုံးမှာလည်းကွာ ဟုသာ အော်မေးလိုက်ချင်တော့သည်။မပြီးနိုင်အရီးမြိုင်တွေ။ လူက နှစ်ပတ်လုံး ကောင်းကောင်းမစားရသေး။အိပ်ချိန်က တစ်နေ့ လေးနာရီပင် မပြည့်။
ငါးဖွဲ့လုံးမအားရသည်မို့ တစ်ယောက်ကို
တစ်ယောက်လည်း မကူနိုင်။ရေပုံမှန်ချိုးရသည်ကလည်း ငသျှမ်းတို့ အဖွဲ့သာရှိသည်။ လူထူ့ရှေ့ထွက်ရသူများဖြစ်သောကြောင့် ပုံပန်းသွင်ပြင် ကို အထူးဂရုပြုရလေသည်။ထိုသို့ဆိုလည်း အချိန်ပိုမရ၍ အိပ်ချိန်ထဲမှ ဖဲ့ ဖဲ့ပေးရသောကြောင့် ငသျှမ်းဆိုလည်း နဂါးဖြူ ဘ၀ မှ အိမ်မြောင်ဖြူဘ၀ ရောက်နေလေပြီ။မိမိကိုယ်တိုင်လည်း မြေခွေးနီ ဘ၀မှ
မြန်မာပြည်အာ၀ု(ဇော်ခွေး)ဘ၀ သို့ပြောင်းနေပြီဖြစ်သည်။
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...