Part 23

1.5K 80 4
                                    

နေသာတဲ့ နေ့တစ်နေ့ 

အရိပ်ရ သစ်ပင်ကြီး တစ်ပင်ရဲ့ အောက်မှာ
ကောင်မလေးနှစ်ယောက်ရှိနေသည်။
ခါးထိရှည်တဲ့ ဆံနွယ်တွေရှိတဲ့ အမျိုးသမီးလေးရဲ့ ပေါင်ပေါ်မှာ သူ့ထက်ငယ်ဟန်တူတဲ့ နောက်ထပ် အမျိုးသမီးငယ်တစ်ယောက် အနားယူနေလေရဲ့။

"အညို "

"ဟင်"

"ကိုယ်တို့ မေချို့ ကို ဘယ်အချိန်လောက်ဖွင့်ပြောကြမလဲ"

"အညိုတော့ မဆုံးဖြတ်တတ်ဘူး မောင့်သဘောပဲ"

သျှမ်းမေဂုဏ် ဆံနွယ်တွေပေါ်ရှိ အညို့ လက်ကလေးတွေကို ဆွဲယူပြီး ရင်ဖက်ပေါ်တင်လိုက်သည်။

"အချိန်ခဏ ယူကြတာပေါ့  လူကြီးတွေ ကို
ဖွင့်ပြောဖို့ဆိုရင်  သူတို့ယုံလောက်တဲ့ အချိန်အတိုင်းအတာပြရမှာပေါ့
ချစ်တာနဲ့ စိတ်ကစားတာ ကို  မောင်တို့ ကွဲကွဲပြားပြား သိကြောင်းကိုလေ"

"မောင့် သဘော"

သျှမ်းမေဂုဏ် ရင်ဖက်ပေါ်မှ အညို့ လက်ချောင်းသွယ်သွယ်လေးတွေကို ယူငင်ပြီးနမ်းရှိုက်လိုက်သည်။

ငေးကြည့်နေရင်းတောင် အချစ်ပိုရတာ
အခုလို ချစ်သူလက်ကို တရား၀င်နမ်းခွင့်ရပြီးမှာ အချစ်ဘယ်လောက်တိုးလေလိမ့်မလဲဆိုတာ ကိုယ့်ချစ်ရတဲ့သူကို အပိုင်ရဖူးသူတိုင်း သိပေလိမ့်မည်။

"ဒါနဲ့ မောင် အညို မေးစရာရှိတယ်"

​သျှမ်းမေဂုဏ် ခေါင်းသာငြိမ့်ပြမှ

"မောင့် ရင်ဖက် ဆိုဒ်က ဘယ်လောက်လဲဟင်
ခုနက အညို့ လက်ကို မောင့်ရင်ဖက်ပေါ်တင်တုန်းက ဘာမှမတွေ့ဘူးကော ပျောက်များနေလား"

သျှမ်းမေဂုဏ် ၏မျက်ခုံးတို့ တွန့်ချိုးလာပြီး

"အညိုက ဘာတွေလျှောက်ကိုင်နေတာတုန်း
မပျောက်ဘူး ရှိတယ် "

"ဟုတ်လို့လား စောနကတော့ လိုက်ရှာတာတောင် မတွေ့ဘူး"

"အညို့  မစနဲ့တော့"

"​ဟော ပျောက်သွားမှာဆိုးလို့ ဒီက စိတ်ပူပြီးမေးတာကို "

"နဂိုနေရာမှာပဲရှိတယ်"

My Wife is LawWhere stories live. Discover now