UNI Code
ဖေဖေနှင့်စကားပြောနေသည့် ပိုးတုံးလုံးအားလပြတင်းပေါက်မှန်မှတဆင့်ကြည့်မိသည်။
ဖေဖေနှင့်စကားပြောတာဖြင့် ခပ်အေးအေးပင်။အဖြေသိပြီးပြဿနာတစ်ပုဒ်ကို ဖြေရှင်းရဟန် တည်တည်ငြိမ်ငြိမ်။ ပုံစံလေးကဖြင် ရည်ရည်မွန်မွန်လေးပါ။ ထိုသို့ဖြစ်လျက် မိမိနှင့်တွေ့မှ အဘယ့်ကြောင့်ပြာတာတာဖြစ်ရသလဲ။ ခေါင်းထဲ ဒင်း အကြောင်းပဲ တ၀ဲလည်လည်။** ** ** ***
သျှမ်းမေဂုဏ်တစ်ယောက် ဦးညိုမြတ် နှင့်စကားပြောနေစဥ်အတွင်း ခြံထဲသို့မျက်စိကစားမိသည်။ မမလှလှ ဘယ်ပျောက်ပါလိမ့်။" ဒီလောက်နဲ့ပဲ ရပ်လိုက်တာပေါ့ နေမကောင်းဘူးလား သမီး"
" ရှင် ကောင်းပါတယ်ဆရာ စိတ်ထွေနေလို့တောင်းပန်ပါတယ်"
""ရတယ် ရတယ် ဆရာလဲတော်ပါပြီ"
"'ဟုတ်ကဲ့ အဲ့တာဆို ခွင့်ပြုပါအုံး ဆရာ""
"အေးအေး "
အမှန်က ပြောစရာမကုန်သေး။ သို့သော်လည်း တပည့်ကျော်မှာ အာရုံမရ။
မျက်လုံးငြိမ်လွန်းသည် အာရုံစိုက်နိုင်စွမ်းကောင်းသည်ဟု မကြာခဏ အပြောခံရသူက
ယနေတွင်တော့ ထိုသို့မဟုတ်။ မျက်လုံးကလဲ
တောင်ကြည့်မြောက်ကြည့် ဘာရှာနေလဲမေးတော့လဲ မကြား။ ကိစ္စအထွေအထူးရှိသည်ထင်၍ နားလိုက်ခြင်းသာ။ မဟုတ်လဲ အကျိုးမှ မရှိဘဲ။ အတွေးစတို့ကို ဖြတ်ကာအိမ်အတွင်း၀င်တော့ ချစ်ဇနီးက ပြံးပြုံးကြီး ကြိုဆိုသည်။ တရားသူကြီး အာရုံနှင့် သိနေသည် ဒါသိပ်မရိုး။""'အစ်ကို ""
"' ပြောလေ ချို ရဲ့""
"အစ်ကို တပည့်လေးက ချစ်စရာကွယ် ရည်ရည်မွန်မွန်လေးနော့"
""သျှမ်းမေဂုဏ် ကို ပြောတာလား ချို ရဲ့""
""အွန်း""
""'တော်လဲတော်တယ်လေ ကိုယ်အားအထားရဆုံးတပည့်''
"သမီးငယ်က တော်လိုက်တာ သားဘုန်းနဲ့ အသက်အတူတူမလား "
"ဟုတ်ပ ချို့သားတို့နဲ့ သူငယ်ချင်း
"ဟန်ကျတာပေါ့ ဟော ပြောရင်းနဲ သားတောင်ပြန်လာပြီ မောင်ဘုန်းမဟာညို ကဲ ဒီဘက်ကြွ"
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...