ရက်သတ္တပတ် အချို့ ကုန်ဆုံးသွားပြီနောက် နန်းမဟာညိုနှင့် သျှမ်းမေဂုဏ်၏ ဆက်ဆံရေးမှာလဲ အပေါင်းလက္ခာဏာဘက်သို့သာ ရောက်ရှိနေသည်။
ရည်းစားထားရမည့် အရွယ်မဟုတ်တော့ ချစ်သူထားရမည့် အရွယ်ရောက်နေပြီဟူသော အကြောင်းပြချက်အားဖြင့် အညို့သည် မိမိအပေါ်တွင် အသေချာအကဲခတ် အမှတ်ပေးနေသည်။ယခုထိတော့ ထိုအမျိုးသမီးလေးအား မိမိအပိုင်ပါဟူသော ခေါင်းစီးမတင်နိုင်သေး။
သားသားနှင့်လည်း ခိုင်မာသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်နေပြီး သားသား ခံစားချက်သည်သာ အရေးကြီးဆုံးဖြစ်သည်ဟူသော အညို့ နှုတ်ထွက်စကားကြောင့် ဆရာကြီးအား ပူဇော်ပသနေရသည်။
ယခုတော့ ရုံးပိတ်ရက်လေးအား အညိုနှင့် အတူဖြတ်သန်းရန် အညို့ အကြိုက် cafe' သို့လာ၍
အတူတူ အချိန် ကုန်ဆုံးနေခြင်းပင်။ အတူတူအလုပ် လာလုပ်ခြင်းဆို ပို၍ မှန်ပေမည်။
မိမိ ရုံးအလုပ်များမှာလည်း မပြီးသေးသလို
အညို့ လုပ်ငန်းများမှာလည်း ပါလာသည်မို့
အတူထိုင်နေကြခြင်းပင်။သို့သော်လည်း သျှမ်းမေဂုဏ့် အသည်းအူ အချစ်ကလေးမှာ မျက်နှာညိုးနေ၍ အမေးတော်ရှိရတော့မည်။
ထိုကြောင့် သျှမ်းမေဂုဏ် ခုံမှ ထကာ အညို့ အနားသို့သွား၍ ဆံနွယ်တွေကို အနည်းငယ်နမ်းရှိုက်လိုက်ကာ
"အညို့ "
"အွန်း"
"စိတ်ရှုပ်စရာတွေ ဘာတွေများရှိနေလို့လား"
"အင်း"
"အညိုပြောပြချင်လား"
အညို့ သက်ပျင်း အနည်းငယ် ချလိုက်သည်။
ပြီးမှ"ဒီတစ်ပတ်ထဲ သားသားကျောင်းမှာ အားကစားပွဲတော်ရှိတယ် "
နန်းမဟာညို စကားစကို ဖြတ်လိုက်ပြီး ပိုးတုံးလုံး အား ကြည့်လိုက်သည်။ခွန်းတုန့်မပြန်ဘဲ သေချာဆက်နားထောင်နေသည်မှာ သားသား ကိစ္စများအားလည်း အလေးအနက်ထားပေးသည်ကို ပိုမိုပေါ်လွင်စေသည်။နားထောင်နေတာ သေချာမှ စကားဆက်သည်။
"အဲ့တာ မိဘ တွေကော ပါရမှာ Internal private school ဆိုတော့ media တွေပါ ပါလာလောက်တယ် သားသား Activity တွေမှာပါရင်း မျက်နှာပြရမှာမျိုး မလိုချင်ဘူး ဒါပေမဲ့
သားသားကိုလည်း မပြောနိုင်ဘူး
အဲ့တာကြောင့် စိတ်ညစ်"
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...