Part 32

785 75 8
                                    

နံနက်ခင်းတွေဟာ သျှမ်းမေဂုဏ်နှင့် နန်းမဟာညိုတို့အတွက် အချစ်တွေနှင့် ပြည့်စုံလျက်ရှိသည်။ ချစ်သူ.. ချစ်ရသူနှင့် အတူရှိ‌ရသော နေ့ရက်တွေမှာ ဘယ်မပျော်ရှိပါလိမ့်မလဲ။

"မောင့်.. မောင်ရေ "

ရှင့်...

"ထွက်တွေ့လိုက်ပါကွာ ကလေးတွေက စောင့်နေတာ ကြာနေပြီကို"

"မတွေ့ချင်ပါဘူး"

"ချစ်စုလေးက မောင်ကော အငယ်လေးကိုကော‌ ကြောက်နေတာကို "

"‌အမလေးရှင်  မကြောက်လို့တောင် ‌စကားနား‌မထောင်တာပေါ့  သူ့အသက်လေးဘယ်လောက်ပဲရှိသေးတယ် အညိုသိလား
၁၆ တဲ့ ၁၆.  ၁၆"

..........

"ငယ်လွန်းသေးတယ် အညိုရယ် "

"နားလည်ပေးလိုက်ပါ မောင်ရယ်"

"No. အငယ်လေးထွက်တွေ့လိမ့်မယ်"

"အငယ်လေးလဲထွက်မတွေ့လို့ပေါ့  မောင်ကအကြီးပဲဟာ "

"ပြီးရော ပြီးရော အညိုတို့က ဇွတ်"

‌သျှမ်းမေဂုဏ်အပြင်ရောက်တော့ ချစ်စုမနှင့် သူ့သတိုးသားလောင်းက စောင့်ကြိုသည်။
သျှမ်းမေဂုဏ်ကတော့ ‌မျက်‌စောင်းတထိုးထိုး။

"ငါ့အိမ်က ငသျှမ်းတို့များ ငါ့တစ်ညပြောတော့မရဘူး သူ့အညိုပြောတော့ အမြီးလေးတနှံနှံနဲ့ ပါလာရော အဲ့တာပြောတာပြော ပြောတော့ တစ်လ မယားပြောတော့တစ်ညဆိုတာ "

အမေက အမြင်ကတ်ကတ်နှင့် ပိဿလေးဘေးပစ်ပြောလေတော့ သျှမ်းမေဂုဏ်မှာ ခေါ်သာငုံခံနေရသည်။

ချစ်စု‌မ‌တို့ စုံတွဲကိုကြည့်တော့လည်း
သျှမ်းမေဂုဏ် ဒေါသထွက်နေသည်ကိုသိ၍ ငြိမ်ကုပ်နေကြသည်။ အလကား အပိုတွေ..

"ဟို မမကြီး စိတ်မတိုပါနဲ့နော် မမငယ်ကကောဟင် ချစ်စုမက ‌ဆိုးခဲ့ပေမဲ့ အဲ့လိုကြီး ပစ်မထားကြပါနဲ့ ဟင့် မမကြီးကေ။ မမငယ်‌ကောက ‌စိတ်ဆိုးမပြေကြတော့ သမီးက မနေတတ်‌ဘူး"

ပြောရင်းဆိုရင်း တအိအိငိုလာတဲ့ ချစ်စုမကြောင့် သျှမ်းမေဂုဏ် မျက်ခုံး‌တို့ အလယ်ဆီစုလာပြီး

My Wife is LawWhere stories live. Discover now