Part 21

780 53 2
                                    

ကြာသာတေးနေ့ နံနက် ၇နာရီ

တက်ကြွသော မသျှမ်မေဂုဏ် တစ်ယောက်
၉ နာရီမှ သွားခေါ်ရမည်ဖြစ်သော်လည်း ၇ နာရီမတိုင်မီ တည်းက အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဒီအချိန်ဆို အညို အသင့်မဖြစ်သေးမှန်းသိသော်လည်း ချစ်ရသူကိုစောင့်ဆိုင်းခြင်းအမှု မှာ အလွန်အင်မတန် ပျော်ရွှင်ဖွယ်ကောင်း၍ အညို့အိမ်ရှေ့၌ စောင့်နေမည်ဖြစ်သည်။ အိမ်ထဲသို့တော့ မ၀င်လိုပါ။
မေချို မေးလျှင် မည်သို့ဖြေရပါမည်တဲ့တုန်း။

ရုံးတက်ရုံးဆင်းချိန်များသည် ကားကြပ်သည်မှာ ပုံမှန်ဖြစ်၍ လေးဆယ့်ငါးမိနစ်ခန့် ကြာပြီးမှ အညို့အိမ်ရှေ့ရောက်သည်။အညို့အား ရောက်နေကြောင်း ဖုန်းဆက်ပြော အပြီး ခြံရှေ့တွင်သာစောင့်နေလိုက်သည်။

ရှေ့နေအာရုံနှင့် ယနေ Bright Feature ၏ အားကစားပွဲမှာ ဟန်ပြဟုသာ ထင်နေမိသည်။သျှမ်းမေဂုဏ် အာရုံထဲက ဖြစ်မည်ထင်သည့် ကိစ္စတိုင်း ဖြစ်လာမြဲပင်။

သို့သော်လည်း မေနိုင်းကို က မိုင်မီမီမို အား
ငပလီ ခေါ် သွားသည်ဖြစ်ရာ သျှမ်းမေဂုဏ်ထင်သည့် ကိစ္စဖြစ်လာမဖြစ်လာမှာ ရာနှုန်းပြည့်မသေချာတော့။

မိမိ တစ်ကိုယ်တည်းဆို သိပ်အကြောင်းမရှိသော်လည်း ယခုတွင်တော့ ချစ်ရသူရော သား ပါ ဘေးတွင်ရှိနေမည်ဖြစ်၍ အရာအားလုံးထက် ထိုသူနှစ်ဦးကို စိတ်ပူပါသည်။
အထိအခိုက်ကင်းလိုပါသည်။ထိုကြောင့် ယနေ့တွင် မည်သည့် ကိစ္စများဖြစ်ပွားလာပါစေမူ သျှမ်းမေဂုဏ်၏ အဓိက ဦးစားပေးမှာ
အညိုနှင့် သား ဘေးကင်းရေးသာ ဖြစ်ပါသည်။

တီ...တီ.. တီ

အတွေးများနေစဥ် ဘေးမှ ဖုန်းသံမြည်လာသည်။ခေါ်ဆိုသူက မေနိုင်းကို

"အင်း ပြော"

"ငသျှမ်း ငါတို့ မနက်စာ စားနေတာ
viedo call ခေါ်လိုက်မယ်"

ဖုန်းချပြီးသည်နှင့်တပြိုင်နက် မေနိုင်းကို မှ ဖုန်းခေါ်လာသည်။ဖုန်းမျက်နှာပြင်ပေါ်၌
ပေါ်လာသည်က အမျိုးသမီးနှစ်ဦး၏ ပုံရိပ်။
မေးခွန်းမလိုသော ပုစ္ဆာတစ်ခုက မေနိုင်းကို ဘေးက လက်ဖက်စိမ်းရောင်ဆံနွယ်တွေနှင့် မိန်းမချောမှာ မြေကြီးလက်ခတ်မလွဲ
မိုင်မီမီမို ပင်။

My Wife is LawWhere stories live. Discover now