အညို့နားက မိုင်မီမီမို လက်ထောက်ကြောင့်
သျှမ်းမေဂုဏ် မျက်လုံးတို့ ပြာထွက်သွားသည်။ အညို ရော သား ပါ အပါအ၀င် အခြားဘေးမှ ကျောင်းသား မိဘများပါ အပါအ၀င် မီဒီယာ သမားများကပါ သတိထားမိဟန်မတူ။ သျှမ်းမေဂုဏ် တို့ အချင်းချင်းသာ မြွေမြွေချင်း ခြေမြင်နေခြင်း။သျှမ်းမေဂုဏ် ရုံးချုပ်ကို လှမ်း၍ လုံခြုံရေးလွှတ်ပေးရန်ပြောသော်လည်း သစ်တောဘက်မှ တိုင်ကြားမှု ရထားသည် ဖြစ်၍ အလုံအလောက်ပို့နိုင်မည်မဟုတ်။
ထိုအပြင် ယခုအခြေနေက လူများစုေ၀းနေသည့် သဘောဖြစ်နေ၍ ပေါ်တင်လှုပ်ရှားမှု ပြု၍ မရ။ လှုပ်ရှားလိုက်ပါကလည်း မီဒီယာများ အပါအ၀င် ကျောင်းသားမိဘများ၏
Social media များမှ တဆင့် ပျံနှံသွားနိုင်သည် ။ ထိုသို့ဆိုပါလျှင် တစ်ဖက်က ခြေရာဖျောက်သွားလိမ့်မည်။ ခြေရာဖျောက်သွားပါက စုံစမ်းမှုများကို တစ် က ပြန်စရပြန်လိမ့်မည်။ ယခု သျှမ်းမေဂုဏ် အခြေနေက မလှုပ်သာ မလွန့်သာ။တစ်ဖက် က အဖွဲ့ သဘောအတိုင်းသာနေမှ အားလုံးအထိခိုက်ကင်းလိမ့်မည် ဖြစ်သည်။ရှင်းရှင်းပြောရလျှင် ကျောင်း၀န်းထဲရှိ လူကုနမှာ ဓားစာခံဖြစ်မှန်းမသိ ဖြစ်သွားပြီဖြစ်သည်။
သျှမ်းမေဂုဏ် သဘောပေါက်သွားမှန်း သေချာတော့မှ Alex က အညိုတို့ သားမိနားက ခွာကာ သျှမ်းမေဂုဏ်အနားကို အေးအေးဆေးဆေး တစ်လှမ်းချင်းလာသည်။ဒီတစ်ပွဲမှာတော့ သူနိုင်သွားမှန်း Alex သေချာသွား၍ ဖြစသည်။
Alex သည်လည်း လူချော စာရင်း၀င်၍
ကျောင်း၀န်းထဲရှိ အမျိုးသမီးတောတော်များများ၏ မျက်လုံးတို့က Alex ထံတွင် မကြာခဏ ရောက်နေသော်လည်း သိပ်ဂရုပြုဟန်မတူ။သျှမ်းမေဂုဏ်နှင့် ဘေးချင်းကပ်ရောက်မှ
သျှမ်းမေဂုဏ်နားကပ်ကာ "နဂါးဖြူလေး ဒီတစ်ခါတော့ အေးဆေးနေလိုက် ဘယ်သူကို ထိရမယ်ဆိုတာ သိပြီးသား"
Alex က တိုင်းရင်းသားဖြစ်၍ လေသံခပ်၀ဲ၀ဲ၌
ခနဲ့သံက ရောနေသည်။အထူးတပ်ဖွဲ့ အဖြစ်ဖွဲ့စည်းထားသည်မှန်သော်လည်း သျှမ်းမေဂုဏ် တို့ အဖွဲ့ခွဲမှလွဲ၍
ကျန်အဖွဲ့ခွဲများရှိ အဖွဲ့၀င်များက မျက်နှာထွက်ပြလေ့မရှိ။ ထို့ကြောင့် မေနိုင်းကို အပါအ၀င် ကျန်ထောက်လှမ်းရေးသမား များကိုတော့ အတွင်းလူများမှလွဲ သိသူမရှိ။
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...