အိမ်အပြန်လမ်းဟာ အရင်လို ပျော်စရာကောင်းမနေခဲ့ပါ။ သျှမ်းမေဂုဏ် သိလိုက်ရတာ နှလုံးသားဟာ ထိုအမျိုးသမီး ခြေရင်းမှာ ချနင်းဖို့ ခင်းပေးပြီးသွားပြီ ဆိုတာပါပဲ။
ဘုန်းမဟာညို နဲ့က သူငယ်ချင်း အရင်းကြီးတွေမို့ ကိုယ်စိတ်ကို သူသိသည်။ မသိတာက
မမအညို တကယ်မပြောလိုက်ချင်။ နှုတ်ဆက်တာတောင် ယောင်းမလေး လုပ်သွားသေးသည်။ ကိုယ်ချိန်နေတာ သူလားမသိ သူ့မောင်လား မသိနှင့် ။ ထိုမင်းသမီးနဲ့တော့ ခက်လေပြီ။ အချိန်တန်လို့ အိမ်ပြန်ခဲ့သော်လည်း စိတ်က ဆရာ့အိမ်တွင် ကျန်ခဲ့လေပြီ။ ယခင်က တည်ငြိမ်ခဲ့သမျှ ယခုမှ
လှုတ်လပ်ခါနေသည် ။အဆောင်ပြန်ရောက်တော့ သျှမ်းမေဂုဏ် သူငယ်ချင်း မေနိုင်းကို က စီးကြိုရှာသည်။
သျှမ်းမေ ကိစ္စ အ၀၀ ကို သူမသိမရှိ။အကုန်ပြောပြရသည်။ မေနိုင်းကို ဆိုတာ သျှမ်းမေ ရဲ့ မွေးစားညီမလေး လိုပင်။ ငယ်စဥ် ထဲက
မိတဆိုး ဖြစ်ခဲ့ရတဲ့ မေနိုင်းကို အား
သျှမ်းမေဂုဏ် ၏ တောင်းဆိုမှုဖြင့်
သျှမ်းမေဂုဏ် တို့မိသားစုမှ စောင့်ရှောက်ခဲ့သည်။ မေနိုင်းကို မှာတော့ သျှမ်းမေ လို ရှေ့နေမဟုတ် အထူးစုံစမ်းရေး အဖွဲ့၀င်တစ်ဦး။ ယခုလည်း မှုယစ်ဆေးဂိုဏ်း တစ်ခု၌ အယောင်ဆောင်၍လျှို့၀ှက်စုံစမ်းနေသည်မှလွဲ အခြား မသိရသေး။"ငသျှမ်း မမ နဲ့ အခြေနေလေး "
"ဒီလိုပါပဲ"
"ဟမ် ဘာ ဒီလိုလဲ စကားလေး ဘာလေးပြော ရင်းနှီးအောင်မလုပ်ခဲ့ဘူးလား"
"လုပ်ခဲ့တယ်"
'အေးလေ အဲ့ဒါဆို အဆင်ပြေတာပဲ ကိစ္စ'
'အင်း'
တစ်ခွန်းမေး၍ တစ်ခွန်းပြန်ဖြေကတည်းက ငသျှမ်းအခြေနေကောင်းလာမှန်း သိသာပါသည်။ မဟုတ်ရင် အမြုပ်ထွက်အောင် မေးမှ တစ်လုံးပြန်သိရသည်မဟုတ်လား။
ငသျှမ်းက အတွေးသမား ။ ပြောတာထက်တွေးနေသည်က ပိုများသည်။ စကားပြောဖို့ ဆိုလည်း အစီစဥ်ချပြီးမှ ပြောတတ်တော့ စကားပြောလဲနှေးသည်။ သို့သော်လည်း
ရှေ့နေ့ပညာမှ ကျ တော်သည်။ တစ်ခွန်းဆိုတစ်ခွန်း ထိရောက်သည်။အခုကတော့ တရားလို တရားခံမဟုတ် ။ နှလုံးသားကိစ္စ
ဘ၀ အရေး။ တေမိမင်းသား မိန်းကလေး Version လုပ်နေ၍မရ ။လှုပ်စရာရှိတာ လှုပ်ရမည်။ ပြောစရာရှိတာ ပြောရမည်။မေနိုင်းကို ဘ၀က ငပိသည်ကအေးအေး ဆားသည်က ယပ်ခပ်နေရသည်နှယ်။ကာယကံရှင်
သျှမ်းမေဂုဏ်တို့ က လေလာရာဖင်ပေးခပ် အေးအေးပင်
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...