Part 16

889 53 3
                                    

ဒုတိယအကြိမ်မြောက် ထမင်းစားပွဲသည်လဲ ကျေနပ်ဖွယ်ပင်ဖြစ်သည်။တခြားသူများထက် ပိုကျေနပ်နေသူက ဒေါ်ချိုချို ပင်ဖြစ်စည်။
သားဖြစ်သူ ဘုန်းမဟာညိုနှင့် ချွေးမလောင်းလေး သျှမ်းမေဂုဏ် တို့က အရမ်းလိုက်ဖက်နေသည်။

သားဖြစ်သူက သွက်သည်။ချွေးမလောင်းလေးက အငြိမ်လေး။ငြိမ်သည်ဆိုမှတော့ ရေခဲတုံးဖင်ခုကာ လေလာရာကျောပေး ခပ်အေးအေးသဘော။ ပထမ တစ်ခါလာစဥ်ထဲက

"သမီးငယ်လေး ဒီအိမ် မိသားစု၀င် မဖြစ်ချင်ဘူးလား "

မေးစဥ်တုန်းက ခပ်အေးအေးလေးပြုံးပြကာ ခေါင်းငြိမ့်သွားသည်။ဒါ လက်ခံတဲ့သဘောမလား။မိန်းကလေးမို့ စဖွင့်မပြောသည်ရှိမည် ။
သားငယ်ကို မြန်မြန်ဖွင့်ပြောဖို့ တိုက်တွန်းရမည်။ ဒီခေတ်ကြီးထဲတွင် သမီးယောင်းမ နှစ်ယောက်တည့်တာ ရှားတယ်မလား။ယခု
သျှမ်းမေဂုဏ်လေး ကတော့ အဲ့သလိုမဟုတ်။
သမီး အပေါ်မှာ အလွန်အနွံတာခံသည်။
အကြိုက်ဆောင်သည်။အလျော့ပေးမည့်ပုံစံလေး။မြေးဖြစ်သူကို ဆိုလျှင်လဲ အလိုလိုက်သည်။ယခုလဲ
ကြည့် သမီးကြီး၏ မျက်နှာချင်းဆိုင်ခုံတွင် ထိုင်ကာ သမီးကြီးအား ရွှန်းရွှန်းစားစားကြီး
စိုက်ကြည့်နေသည်။သမီးကြီးကလည်း ရှက်နေသည်ထင်သည်။နေပါအုံး တစ်ခုခုများလွဲနေသလားလို့။ကြည့်ရင်းကြည့်ရင်းနှင် အရှက်လွန်ကာ သမီးကြီး ထ သီးတော့သည်။

"ဟွတ် ဟွတ် ဟွတ်"

"ကလေးလဲ မဟုတ်ဘဲနဲ့ သီးရလား သမီးရယ်"

မေမေချိုသမီးဖြစ်သူကို ရေခွက်လှမ်းပေးမည်အပြု သမီးငယ်လေးက ဘေးနားရောက်နေပြီးပြီ။ ထမင်းစားပွဲတစ်ခုလုံးက ပုံမှန်ပင်။သို့သော်လည်း ဒေါ်နန်းချို စိတ်ထဲ တစ်ခုခုက လွဲနေသည်ဟု ထင်နေမိသည်။ လွဲနေသည်မှာသေချာသည်။ဘာလွဲနေမှန်းသာ မသိတာ။

ထမင်းစားပြီးတော့ အသီးသီးအနားယူရန် ပြင်လေသည်။သျှမ်းမေဂုဏ်မှာလဲ ပြန်ရန် ပြင်လေသည်။သို့သော်လည်း ဒေါ်နန်းချို မပြန်စေချင်သေးပါ။ စိတ်ထဲ တစ်ခုခုကို အတည်ပြုနေချင်သည်။သို့သော် ဘာကို အတည်ပြုရမည် မသိ။
ထိုကြောင့် သျှမ်းမေဂုဏ်အားနှုတ်ဆက်ကာ
ပြန်ခွင့်ပြုလိုက်ရသည်။

My Wife is LawWhere stories live. Discover now