အချိန်ကား အင်္ဂါနေ့ ညနေခင်း
နေရာကား သျှမ်းမေဂုဏ်နှင့် မေနိုင်ကို တို့၏
တိုက်ခန်းနေရာ"ငသျှမ်း ငါ မမီဆီသွားမလို့"
သျှမ်းမေဂုဏ် မေနိုင်းကို စကားကြောင့် ကြောင်သွားသည်။အပြီးအစီးများသွားနေဖို့ စိတ်ကူးသလား မသိ။အိတ်ကြီး သုံးအိတ်နှင့် အိတ်ငယ် လေးအိတ်။
"အပြီးလား"
"မဟုတ်ပါဘူး စနေနေ့လောက်ပြန်လာမှာ"
"သုံးရက်လေးသွားမှာကို အိတ်တွေက အဲ့လောက်များလား"
"လိုတာလေးတွေပါပဲ နောက်ကျ မမီဆီမှာ အိပ်ဖြစ်မှာတွေလဲရှိနေတော့ လိုတာလေးတွေယူသွားတာ"
"နင်သူကို ဖမ်းတော့ ဖမ်းမှာပါနော်"
"ဟ သူကို့ ဖမ်းမယ်ဆိုရင် သက်သေ အလုံအလောက်နဲ့မှ ရမှာပေါ့ မဟုတ်ရင်
လွတ်သွားမှာ နင့် အစ်မကြီးက အလုပ်ကြိုးစားနေတာပါ""အော်.."
"ဒါလေး အောက် လိုက်ပို့စမ်းပါ"
သျှမ်းမေဂုဏ်နှင့် မေနိုင်းကို တို့ တိုက်ခန်းအောက်ကိုရောက်တော့ မေနိုင်းကို မသိသော
နံပါတ်နှင့် ကားတစ်စီး ရောက်နေသည်။YGN-46
6K-8926သျှမ်းမေဂုဏ် ရုတ်တရက် ကား နံပါတ်အား
ရေရွတ်လိုက်သည်။နှစ်ခါမျှ အပြီးတွင်တော့သျှမ်းမေဂုဏ် အသေအချာ မှတ်မိပြီဖြစ်ပါသည်။ကားပေါ်မှ လူနှစ်ယောက်ဆင်းလာပြီး မေနိုင်းကိုတို့ လက်ထဲမှ အထုတ်များကို လာယူသည်။ထိုသူနှစ်ဦးမှာ၏ ခန္တာကိုယ်မှာတော့
လေ့ကျင့်ထားသူများ၏ ခန္တာကိုယ်မဟုတ်။
သာမန် လျော့ရဲရဲ ခန္တာကိုယ်မို့ သိပ်စိတ်ပူစရာတော့မရှိ။"သွားပြီ"
မေနိုင်းကို ၏ တိုတိုပြတ်ပြတ် နှုတ်ဆက်စကားအပြီး သျှမ်းမေဂုဏ် အပေါ်ပြန်တက်လာခဲ့သည်။မေနိုင်းကို အထုတ်တွေပို့တော့
ဖုန်းထားခဲ့တော့ အညို့ ဖုန်းခေါ်တာ မသိလိုက်။ထိုကြောင့် မြန်မြန်ဆန်ဆန်ပင် ပြန်ခေါ်လိုက်သည်။ ဖုန်း၀င်တော့ အညိုက ချက်ချင်းကိုင်ပါသည်။
YOU ARE READING
My Wife is Law
Fantasíaမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...