Part 18

1.2K 85 0
                                    

နောက်တစ်ရက် မနက်ခင်းမှာတော့ နန်းမဟာညို
မျက်အိတ်များဖောင်းကာ နိုးထလာခဲ့သည်။
မျက်လုံးအား ရေခဲကပ်ပါမှ အရာင်လျော့သွားသည်။  အဲ့တာ ပိုးတုံးလုံးကြောင့် ရည်းစာစာကို ရိုးရိုးပေးလဲ ရပါလျက်နှင့် သပ်သပ်ကြီး ငိုရအောင်လုပ်သည်။

ခြိမ်းခြောက်တာလိုလို ဘာလိုလိုကလဲ ပါသေးသည်။ ဓာတုကလျာနှင့် နတ်ရှင်နောင်မှာဆို ဓာတုကလျာက ပိုကြီးတယ်မလား။ သျှမ်းမေဂုဏ်နှင့် နန်းမဟာညိုမှာဆိုလဲ နန်းမဟာညိုက ပိုကြီးသည်။ ဒါသပ်သပ်မဲ့ကြီး ပေးတာ။လူကို အဘွားကြီးလို့ သွယ်၀ိုက်ပြောလိုက်တာမလား။

နန်းမဟာညို တစ်ယောက်တည်းစိတ်ကောက်နေတုန်း ဖုန်းသံမြည်လာသည်။ခေါ်သူကို ကြည့်တော့ ပိုးတုံးလုံး။

တီ.....တီ....  တီ...

"မကိုင်ဘူးဟာ ကောက်တယ် ငါ့ကို သေခိုင်းထားတာ  "

ဖြေဆိုသူမဲ့ ဖုန်းလေးအဖြစ် သုံးကြိမ် အထိ ရောက်ရှိသွားအပြီးမှာတော့ ဆက်လက်မခေါ်တော့ဘူးတဲ့ကွယ်။

"ဟွန့် ဆက်မခေါ်တော့ဘူး တွေ့လား"

နန်းမဟာညို တစ်နေ့ကုန်စိတ်ကောက်ပါတော့သည်။သား ကိစ္စတွေမှာလည်း အိမ်က ခေါ်ထားသည့် ကလေးများ လုပ်ပေးသောကြောင့် ပူစရာမလို။ ဒါကြောင့် လွတ်လွတ်လပ်လပ်ကောက်ရသည်။

အတည်ကြီးလဲ သျှမ်းမေဂုဏ်က ထပ်မခေါ်တော့။ နာရီကြည့်တော့ ၁၀း၁၃ ။အင်း....ရုံးရောက်နေသည်ထင်သည်။ရုံးမှာဆို အလုပ်ရှုပ်နေမှာပေါ့။ခေါင်းမဖာ်နိုင်အောင် အမှုတွဲတွေကြားထဲ နှစ်နေမှာပေါ့ နားလည်ပါတယ်။

အမှုတွဲတွေကြားထဲခေါင်းနှစ်နေရင်း ဘာကိုမှတွေးမိမှာမဟုတ်ဘူးလေ။ဒီကြားထဲ အမှုသည်တွေ ဘာတွေနဲ့လည်းတွေ့ရအုံးမှာ။အဲ့ကြောင့် ဖုန်းဆက်ဖို့ အချိန်ဘယ်ပေးနိုင်ပါ့မလဲနော်။အဲ..အဲလိုဆိုတော့ ကိုယ့်ကိုလဲ မေ့နေမှာပေါ့။အဲ့ဒါကြောင့် ဖုန်းမခေါ်တာပေါ့ ။ပိုးတုံးလုံး မကောင်းဘူး။

၁၂း၁၅

တီ...တီ... တီ...

နေ့လည်စာစားချိန်မှ ပိုးတုံးလုံး ဖုန်းထပ်ဆက်သည်။မကိုင်ဘူးဟာ ကောက်တယ်။
မနက်ကမကိုင်တာ ညက ကိစ္စကြောင့်။အခု မကိုင်တာကျ မနက်က ကိစ္စကြောင့်။

My Wife is LawWhere stories live. Discover now