Part 3

920 48 1
                                    

uni code

Sunday ....

ဘုန်မဟာညို မလိုချင်သော ထူးရှယ်တနင်္ဂနွေရယ်ပါ။ သောကြာနေ့ည ပုံမှန်တိုင်းဆုံဖြစ်ကြတော့ မေမေ ပြောသမျှ ပြန်ပြောမိတော့ ကျေးဇူးရှင်က ချောချောမွေ့မွေ့လက်ခံရှာတယ် ။ အနည်းဆုံးတော့ အကြည့်စိမ်းစိမ်းတွေနဲ့ မနေတတ်အောင် အကြည့်ခံရမယ်ထင်ထားတာ ။  အင်း  ဆိုတာကလွဲ ဘာမှ ပြောမသွား ။ ညစာ စားချင်တာ ဆိုတောင်ပါသေး။

     အသေအကြေငြင်းမယ်မှတ်သော်လည်း  တစ်ခါပင်ပြောရသေး တန်းခေါင်းငြိမ့်သည်လေ ။ သျှမ်းမေဂုဏ် ပုံမှန်မဟုတ် သူ့မူတိုင်းဆို မျက်မှောင်ကျုံ ကာ သုံးလေးမိနစ်စဥ်းစားရအုံးမည်။ ပြီးမှ သံရှည်စွဲ အင်း က လာရမည်မဟုတ်လား။ ခုဟာက သွက်သွက်လ်လက် အင်း ကြီး။  မိမိအားပင် သူ့သားသဖွယ်
ပြုံးပြကာ မိန့်မိန့်ကြီး ကြည့်နေလိုက်သေးသည်။

    ဒီလိုမျိုးမို့ သျှမ်းမေဂုဏ် က သူ့ကိုကြိတ်ကြိုက်နေတယ် ထင်နေ No ပါ။ ငသျှမ်းလောက် ကွေးတာ ငသျှမ်း သာရှိသည် မဟုတ်ပါလား။ အဲ့ကောင်က မိန်းမကိုယ်ထဲမှ
ကိုးတောင်ပြည့် ကျား ကြီး။ ဒါလဲ သူပြောတာမဟုတ်ဘူး ကိုယ့်ဘာသာသိတာ။ ဘယ်သူမှတ်လို့  ကျွန်တော် ဘုန်းမဟာညိုပါ။

        ** **** ******

At 7 P.M

  "သားရေ သမီးငယ်လေး ထင်တယ် "

မေမေချိုဟာ ဆိုလျှင်ဖြင့် ယုန်ငယ်လေးလား
ကျားလား မသည်းကွဲပေမဲ့ ဇွတ်သမီးငယ်လေးလုပ်နေပြီ။ အတွေးကိုဘေးချိတ်ကာ
ခြံတံခါးဆီပြေးလို့ ငသျှမ်းကိုခေါ်ရသည်။
ကြောက်စရာကောင်းအောင် ပြုံးပြနေလေသည်။ လန့်တာဆိုတာလေ

"  ၀င်ခဲ့မယ်နော် အန်တီ"

"အေး  သမီးငယ်လေး လာ စားတော့မလား"

"မဆာသေးပါဘူး အန်တီ ကူပေးရအုံးမလား"

"ရတယ် သမီးငယ်လေး ထိုင်နေ"

"ဟုတ်"

ဒုတိယအကြိမ်မြောက် ဧည့်ခန်းဆီအရောက်၌ မျက်လုံးများက မိမိရရ ​ေ၀့၀ိုက်ကြည့်လိုက်တော့ နီညိုရောင်ပိုးချိတ်နှင့် ကျောက်ပန်းချီတစ်ချပ် လက်ရာမြောက်လှသော ပန်းချီကတန်ဖိုးများစွာတန်နေလိမ့်မည်။ကောင်းခြင်းတွစုထားသော
အလှတရား အတွက် အဖိုးတန်သောလက်ရာနှင့် တန်ဖိုးကြီးပစ္စည်များက သေချာပေါက်လိုလိမ့်မယ်ပေါ့ ။ 

My Wife is LawWhere stories live. Discover now