လတစ်လရဲ့သုံးပုံပုံ နှစ်ပုံစာ အလုပ်လုပ်ပြီးနောက်မှာတော့
သျှမ်းမေဂုဏ်တို့ ဌာနတစ်ခုလုံး အသက်ရှူချောင်ပြီဖြစ်သည်။အလုပ်အားသည်နှင့် တပြိုင်နက် အလျှိုလျှို သက်ဆိုင်သူတို့ထံ ဖုန်းဆက်ကြသည်။
အချို့က အိမ်ထောင်ဖက် အချို့က ချစ်သူ
အချို့က မိဘ ။သျှမ်းမေဂုဏ် လည်း အမေတို့ကို ဖုန်းမဆက်ရတာကြာပြီဖြစ်၍ ဖုန်းဆက်ဖို့စိတ်ကူးထားသည်။
ပုံမှန်အားဖြင့် အဖေတို့အမေတို့ကသာ စ ဆက်တတ်တာမို့ သျှမ်းမေဂုဏ်ဖက်မှ ဆက်သည်က ရှားသည်။ဖုန်းမျက်နှာပြင်ပေါ်သို့ လက်သွယ်သွယ်တို့က အသားကျစွာ ခပ်မြန်မြန်ပြေးလွှားနေသည်။
တီ.. တီ.. တီ.
စက္ကန့်ပိုင်းမျှကြာသည်အထိ ဖြေဆိုမလာသည့်အတွက် လက်ကောက်၀တ်မှ နာရီတို့ကို တစ်ချက် အကြည့်ပို့လိုက်တော့ နာရီလက်တံက
9 ကို ညွှန်ပြနေသည်။ နေရောင်လည်းရနေ၍
မနက် ၉ နာရီဆိုတာသေချာပါသည်။'ဒီအချိန်ဆို နိုးပါပြီ'
သျှမ်းမေဂုဏ် ခပ်တိုးတိုးငြီးမိသည်။
"ဟယ်လို"
တစ်ဖက်က ဖြေဆိုသည့် အသံကြားသည်နှင့်တပြိုက်နက်
"ဟယ်လို အညို "
"အင်း မောင့်"
"နိုးပြီလား အချစ်ကလေး"
"ဟုတ် မောင်ကော အိပ်ပြီးပြီလား"
"အခု အိပ်တော့မှာလေ အလုပ်တွေ အကုန်ပြီပြီ"
"တကယ်လား "
"ဒါပေါ့ရှင်"
"အား ... ပျော်လိုက်တာ ဒါဆို မောင် ရယ် အညို ရယ် သားရယ် date မယ်နော်"
"သဘောတော်အတိုင်းပေါ့"
"ကတိနော် မောင်"
"ကတိ ကတိ "
"ဒါဆို ဖုန်းချလိုက်တော့မယ်"
"နေပါအုံး အညိုကလည်း ပြောလို့တောင် မ၀ သေးဘူး "
"မရတော့ဘူး Skincare မလို့"
"ဟော "
"အာဘွားနော် ချစ်တယ်"
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...