Part 30

1K 91 5
                                    

"ဟော အဖေရေ အဖေ့သမီး သမီးကြီး သျှမ်းမေဂုဏ်ပြန်လာပါပြီ လက်တွဲဖော် မမကြီးလဲပါပ"

နန်းမဟာညို မေနိုင်းကိုအား မတွေ့ဘူး၍ အဆန်းဖြစ်သွားသည်။ငသျှမ်းဆိုသည့် နာမ်စားအား မောင်ဖြစ်သူထံမှ ကြားဖူး၍ အဆန်းတော့ မဖြစ်ပါ။

"ဟာ.. ငသျှမ်း အမညိုကို ငါ့အကြောင်းပြောမထားဘူးလား" 

.......

"ငါ့ဘာငါပဲ မိတ်ဆက်လိုက်မယ် အမညို ကျွန်တော်က မေနိုင်းကိုပါ ဒီအိမ်က အငယ်ဆုံးလေးပါ ငသျှမ်းထပ်တော့ သုံးလပဲငယ်ပါတယ် "

"တွေ့ရတာ ၀မ်းသာပါတယ် ညီမလေး
နန်းမဟာညိုပါ"

"ကဲ..... သမီးကြီးတို့လဲ ပြန်လာပြီဆိုတော့ ထမင်းစားမယ်ဟေ့ မိန်းမရေ... မြေးကိုပါခေါ်ဟေ့   သမီးညို လက်နဲ့စားတတ်သလား"

"ရတယ် အဖေ စားတတ်တယ်"

"ဦးစန်းဂုဏ်တို့များ သမီးညို သမီးညို နဲ့နေတာပဲ ဒါနဲ့ ငသျှမ်း  အဖေတို့နဲ့ ရောက်ကတည်းက ထမင်းအတူတူမစားရသေးဘူးလား"

"အင်း "

"အော်... ဘာလို့တုန်း မနိုးလို့လား"

"‌မဟုတ်ပါဘူးအေ  သမီးကြီးတို့ရောက်ပေမဲ့ အဖေတို့ သမီးငယ်လေးမရောက်သေးတော့ မိသားစုထမင်းဝိုင်းကို လူမစုံသေးလို့ မစားဖြစ်သေးတာ အဖေတို့အိမ်မှာ အဖေရယ်ဘအမေရယ် သမီးကြီးရယ် သမီးငယ်လေးရယ် ရှိမှ လူစုံတာမလား အခုဆို သမီးညိုနဲ့ မြေး‌လေးပါ အဖေတို့ဆီရောက်လာပြီမလား"

ဦးစန်းဂုဏ်ပြောတာကို  ကျန်ရှိနေသူများက အလေးနက်ထား နားထောင်လျက်

"အဖေ့သမီးကြီးကော  သမီးငယ်ကော  ပြန်လာမှာသိသိရက်နဲ့တော့  မိသားစုပြန်စုံမဲ့ ထမင်းဝိုင်းကို လူမစုံဘဲပြန်မစချင်ဘူး အင်း..
အကုန် မပါနိုင်တော့ပေမဲ့‌လဲပေါ့လေ"

"အဖေ့ ‌အမေ့ အများကြီးချစ်တယ်နော်
ပြီးတော့ ငသျှမ်းကော အမနန်းမဟာညိုကော
တူလေးကိုကော"

မေနိုင်းကိုက ‌အဖေ့စကားကို ရင်ထဲထိသွားပုံရကာ မျက်ရည်များဝဲလျက် ထအော်သည်။

"သားကောပဲ ချစ်တယ် တီတီ "

သျှမ်းမေဂုဏ်ကတော့ မေနိုင်းကိုနဲ့ သားဖြစ်သူကို ကြည့်ကာ သက်ပြင်းချလျက်။

My Wife is LawWhere stories live. Discover now