Part 4

1.2K 69 0
                                    

သျှမ်းမေဂုဏ်ထည် POV

ကိုယ့်ဘ၀ မှာ တွယ်တာစရာ များများစားစားမရှိခဲ့ပါဘူး။ သမီးကြီး မြေးကြီးဖြစ်တဲ့သူမို့
အဘ တို့ အမ တို့က မိသားစုစီးပွားရေးကို
ဦးစီးစေချင်တယ်။ခေါင်းမာတတ်တဲ့ ကိုယ်ကတော့ ဥပဒေဘွဲ့ရ တရားသူကြီးတစ်ဦးဖြစ်ချင်ခဲ့တယ်။ကိုယ်ဆုံးဖြတ်ချက်အတိုင်းပဲ
ရအောင်လဲ လုပ်ခဲ့တယ်။ ကိုယ်ခေါင်းမာမာပဲ
Law Major ကို ယူခဲ့တယ်။ အဘကော အမကော တားတာပေါ့ ဒါပေမဲ့ ငယ်ငယ်ထဲက အနေတည် စကားနည်းတဲ့ ကိုယ့်ကို မိဘတွေက အစ တလေးတစားဆက်ဆံပေးတတ်ကြတယ် ။ ဥပဒေကို လက်တလုံးခြားလုပ်ပြီး
အခွင့်ရေးယူတာတွေကို သိပ်မုန်းတာပဲ။
ကျန်တာထက် လူတစ်ယောက်ရဲ့ ဘ၀ ကို ဥစ္စာအာဏာ ပေါတဲ့သူက နိုင်လိုမင်းပြုတာမျိုးကို မနှစ်သက်ခဲ့တာ။ စနစ်နှင့်မူ မကြိုက်ခဲ့တဲ့ ကိုယ်က တတ်နိုင်သလောက် ပြောင်းလဲဖို့ကြိုးစားခဲ့တယ်။
အရင်ထဲက တစ်သီးတစ်သန် နေတတ်တာမို့ တစ်ယောက်ထဲသွားတော့ နားအေးတာပေါ့လို့ နှလုံးသွင်းထားခဲ့တယ်။ တကယ်တန်းကျ ဘယ်ဟုတ်ပမလဲ
နှစ်ယောက်သွားတော့ အမောပြေတာပေါ့။
လို့ တွေးမိလာတယ်။ဒါတွေက နန်းမဟာညို ဆိုတဲ့ အမျိုးသမီးနဲ့တွေ့မှ စဥ်းစားဖူးတဲ့ အတွေးပါ။ တကယ်ပါလေ အထက်လူကြီးတွေနဲ့ ရုံးချိန်ပြင်ပ မတွေ့ချင်တဲ့ ဒီကလူ ကို မရမကလွတ်ပေးတဲ့ စီနီယာအမ ကို အရမ်းကျေးဇူးတင်တာပဲ ။ နှလုံးသားဟာ
မနန်းမဟာညို ဆင်းလာခဲ့တဲ့ လှေကားထစ်တွေပေါ်မှာ ချခင်းထားခဲ့ပြီးပါပြီ။အသည်းစိုင်တွေဟာလဲ မနန်းမဟာညိုရဲ့ စကားသံချိုချိုတွေအောက်မှာ အရည်ပျော်ခဲ့ပြီးပါပြီ။
အတွေးတို့ကို စိုးမိုးလွန်းနိုင်သော အသိစိတ်ကို စိတ်နှင့်ဝေးရာ တွန်းပို့လွန်းသည် သျှမ်းမေဂုဏ် ၏ အချစ်ပန်းဦးသခင် နန်းမဟာညို ရယ်ပါ။ တကယ်ပါ ကိုယ့်အထက်လူကြီးအိမ်သွားရင်း အချစ်ကို ရှာတွေ့ပါမယ်လို့ ဘယ်သူထင်ပါ့မလဲနော်။ အညိုရောင်၀မ်းဆက်နဲ့
နန်းမဟာညိုက သူ့နှလုံးသားမြစ်ဖျားထိ လာလှုတ်ခတ်သွားပြီဖြစ်သည်။ အရိုးစွဲနေသည့်
လူကျင့်ဝတ်တွေ ကိုမေ့သွားသည်အထိ နှလုံးသားတွေဗြောင်းဆန်ကုန်သည်။ နှလုံးခုန်လွန်းလို့ မမေးဘဲ နာမည်ပြောမိသည်အထိ။ဆရာစကားကို အာရုံမစိုက်နိုင်လောက်အောင်အထိ ဆရာ့သမီးကြီးက စိုးမိုးလွန်းပါသည်။ကဲ ဆရာ့သမီးကြီး အလွန်လွန်းဘူးလား။အပြန်ထိတောင် နောက်တစ်ကြိမ်ထပ်မတွေ့ရလို့ ၀မ်းနည်းခဲ့တာ သူသိပါ့မလား။ အိမ်ပြန်ရောက်သည်ထိ နာမည်မမေးခဲ့ရလို့ နောင်တတွေရနေတာ သူသိပါ့မလား အချစ်ရယ်။ မေနိုင်းကို ပြောပြမှ နာမည် နန်းမဟာညို ဆိုတာကော အခြေကြီးတဲ့ ရွှေမင်းသမီး ဆိုတာကော သိခဲ့ရပေါ့။
နောက်တစ်ကြိမ် စုံတွေ့မှုကိုမျှော်လင့်နေတဲ့ သူအဖို့ ညစာစားဖို့ ဖိတ်ကြားခြင်းက
တကယ့်ထီဆုပါပဲ။ အကျင့်ပါနေလို့ မျက်နှာသေနေပေမဲ့ ရင်ထဲမှာ ဆိုင်းသံဗုံသံတွေညံလို့ပေါ့။ အလွယ်တကူလက်ခံလိုက်တော့ ကိုယ့်သူငယ်ချင်းတွေတောင် အံသြနေလေရဲ့။
ချစ်မိသွားတာ သေချာတော့ ရလာတဲ့ အခွင့်ရေးကို အမိအရယူရမှာပေါ့နော့။ ဒုတိယ အကြိမ်တွေ့ဆုံမှုမှာလဲ နန်းမဟာညို ဟာ ရက်ရက်စက်စက် လှတာပါပဲ။စကားပြောရင်း ရင်တွေခုန်လွန်းလို့ ခြေထောက်တောင်မခိုင်ချင်။ အရှင်ကတော့ အေးအေးသက်သာပင်။ တတိယအကြိမ်တွေ့ရအောင် ကိုယ်ကြိုးစားမှာပါ။အကုန်လုံး အညို့ သားငယ်
ဘုန်းမြတ်ညို ကို သူမေ့နေတာလား မေးရင်
No ပါ။ ကိုယ့်အညို နဲ့ပတ်သတ်ရင် ကျန်တာထက်ပို အလေးထားပါတယ်။ အင်း....
"အညို " တိတ်တိတ်လေးခေါ်ချင်ခဲ့နာမ်စားလေးပေါ့။ သျှမ်းမေဂုဏ် ရိုင်းတယ်လို့တော့ အညို မထင်ဘူးမလား။ ဒီတိုင်းလေးပဲ ရပ်နေပေးပါ သိက္ခာရှိရှိ ကိုယ်တစ်လှမ်းချင်း လှမ်းခဲ့ပါ့မယ်။ သနားသဖြင့် မျက်နှာသာတော့ ပေးပေါ့ အချစ်ရယ်.......။

My Wife is LawWhere stories live. Discover now