Part 15

800 47 4
                                    

သျှမ်းမေဂုဏ်တို့ ကျောင်းက အပြန် cake ၀င်စားဖိုဆုံးဖြတ်လိုက်သည်။သားသားကို ပါ ပြန်ခေါ်ခဲ့၍  မိသားစုသုံးယောက်စုံသွားသည်။

"မေ့ မလာတာအကြာကြီးပဲ သား က လွမ်းနေတာ"

"ဆောရီးနော်"

"သား က ရပါတယ် မား သာလေ မျှော် မျှော်နေတာ"

"ဘုန်းမြတ်ညို "

"ဗျာ "

"စားစရာရှိတာ စား"

"အညိုကလဲ ကလေးကို"

ပိုးတုံးလုံးက လဲ သား ကိုရအောင် ကာသေးသည်။ကိုယ့်သားအကြောင်းကိုယ် သိသည်။
ဘုန်းမြတ်ညို က သူ့ကိုအလိုလိုက်လေ ကြိုက်လေပဲ။ မသေချာသေးတဲ့ အခြေနေတစ်ခုမှာ သား ကို သံယောဇဥ် မကြီးစေချင်တာပဲ။

အခုတော့ နှစ်ယောက်သား အအေးလေးသောက်လိုက် မုန့်လေးစားလိုက် အဆင်ကိုပြေနေရောပဲ။

    ***     ****     *****

သျှမ်းမေဂုဏ် သား ပြောသမျှ နားထောင်နေရင်း
လမ်းမ ပေါ်မှ မေနိုင်းကို အားမြင်လိုက်သည်။
ယနေ့က မေနိုင်းကို၏ အားလပ်ရက်ဖြစ်သည်။
မေနိုင်းကို က အားလပ်ရက်ရတိုင်း အခန်းထဲက အခန်းပြင်ထွက်လေ့ရှိသူမဟုတ်။ထမင်းမစားပဲနှင့်တောင် အိပ်တတ်သည့်သူမျိုး။ ဒီလိုလူမျိုးက လမ်းသလားနေစရာ အကြောင်းမရှိ။လက်ထဲမှာလဲ ဆေးထုပ် မုန့်ထုပ်တွေ အပြည့်။ တစ်နေရာရာကို သွားမည်ထင်သည်။

ကား ယူမလာပုံထောက်ရင် လက်ရှိသူလိုက်နေသည့် ဆေးမှုနှင့် သက်ဆိုင်သူထံသို့ဖြစ်လိမ့်မည်။ထိုသို့ဆိုလျှင်လည်း ယခုလောက် ရေးကြီးသုတ်ပျာ ဖြစ်နေရာမရှိပါ။မေနိုင်းကို ခြေလှမ်းပျက်နေသည်နှင့် ပတ်သတ်၍ ဆက်စပ်တွေးသည်က နှစ်မိနစ်ပင်မကြာလိုက် ။ တွေးနေသည့် ကာလအတွင်းမှာလဲ သားပြောနေသည်ကို နားထောင်မပြတ်။

"ဟိုနှစ်ယောက်ပြန်မယ်"

"ဟုတ် "
"ဟုတ်"

အသံနှစ်သံက တပြိုင်နက်ထွက်ပေါ်လာသည်။ထို တိုက်ဆိုင်မှုလေးကြောင့် ဘာရယ်မဟုတ်
နန်းမဟာညို ပြုံးမိပါသည်။ကျသင့်ငွေကိုလဲ
ပိုးတုံးလုံးပဲ ရှင်းသည်။

My Wife is LawWhere stories live. Discover now