"အမေရေ အမေ သမီးငယ်လေး ပြန်လာပါပြီလို့"
မေနိုင်းကို ဇာတ်သံနှော၍ ခပ်စစပြောကာ အိမ်ဝိုင်းထဲသို့ ၀င်လာခဲ့လိုက်ပြီး အိမ်ပေါ်တန်းတတ်ခဲ့လိုက်သည်။
လိုင်းကားနှင့် လာရ၍ မေနိုင်းကို မှာ မသက်သာလှ။ ကား နှစ်ဆင့်စီးမှသာ ရောက်၍ မနက်လေးနာရီကတည်းက ကားစီးခဲ့ရသည်မှာ အိမ်ရောက်တော့ ည ခုနှစ်နာရီထိုးလုလု။ကုန်ကားများကို လိုင်းကား သဖွယ်ပြေးဆွဲကြရာ ခါလီမရှိ။ ခရီးသည်ကော ကုန်ပါတင်သည်ဖြစ်၍ ကားခေါင်မိုးထိ အကုန်အပြည့်။ ရွာကိုလည်းတိုက်ရိုက်မရောက်၍ ကြားထဲတွင် တစ်နာရီနီးပါး လမ်းလျှောက်ခဲ့ရသေးသည်။ အိမ်လည်းရောက်ရော လူလဲဖတ်ဖတ်မော။
"ဟေ...အငယ်လေး ရောက်ပလား ၀င်ခဲ့ ၀င်ခဲ့"
"ဟုတ်ကဲ့ပါရှင့်"
မေနိုင်းကို ရွဲ့ကာဖြေတော့ အဖေကော အမေကောပါ ရယ်သည်။ အဖေနှင့် အမေက ညစာစားရန်ပြင်ဆင်နေသည်။ခုထိ ငသျှမ်းတို့ကိုက မတွေ့သေး။ ဒီလောက် မှောင်သည်ထိ ဘယ်များသွားပါလိမ့်။
"အဖေ့ ငသျှမ်းကော"
"မလှမော်ဆီ"
"ကြီးလှမော်ဆီ"
"အေး"
"ဘာသွားလုပ်တာတုန်း "
"ဗေဒင်မေးတဲ့"
"ခွီး.. ငသျှမ်းက အဲ့ကိုသွားတယ် ကြီးလှမော်ကို အကန်တွေပြောနေလို့ ပြဿနာတတ်လာအုံးမယ် ဆယ်တန်းေဖြတုန်း အမေဇွတ်ခေါ်တာတောင် မလိုက်တဲ့ကောင်က ခုတော့ဘယ်လိုဖြစ်"
"အေး မယားပြောတော့ တစ်ညလေ"
အမေက ၀င်ပြောဝောာ့ မေနိုင်းကို တို့ သားအဖ ရယ်လိုက်တာမှ တော်တော်ကျယ်ကျယ်။ငသျှမ်းရှိရင်ဝောာ့ မရယ်ရဲ။
"ဟုတ်သားနော် အမေ့ အဲ့တုန်းက သူ့ကျန်းမာရေးအတွက်လုပ်ပေးတာတောင် ဇွတ်တင်းခံတာ တော်သေးတယ် အဲ့ယတြာနဲ့ အဆင်ပြေလို့ ဘာတဲ့ အဖေ ရှောက်စေ့ခြောက်စေ့ကို ခြောက်ရက်စားခိုင်းတာလေ ခွီး အဲ့တာလဲပြီးရော ခြောက်သွားရော"
"တော်တော် အငယ်လေး ဟိုကကြား သတ်လိမ့်မယ် "
"အမေ့သမီးများ မကြောက်ပေါင်"
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...