တနင်္လာနေ့ဟာ လဲ အရေးမကြီးပါ။ချစ်သော သူ နှင့် Date မှာမို့ သျှမ်းမေဂုဏ်အတွက် ရုံးကို ခွင့်တိုင်လိုက်ယုံသာ။အလုပ်ကိုလေးစားကာ တော်ယုံအလုပ်မပျက်သူမို့ ခွင့်တိုင်ရတာသိပ်တော့မခက်။ခက်တာက မေနိုင်းကို
ဘာတွေ၀တ်ခိုင်းမှန်းမသိ။ပုံမှန်လဲ ရုံးနှင့်အိမ် ပဲ လည်နေတဲ့သူမို့ အခုလို သွားစရာရှိပါက ဘာ၀တ်ရမည်မသိ။အကူညီတောင်းမှ ပိုဆိုးတော့သည်။ဂျင်းပွအနက်ရောင်နှင့် စတစ်ကာ ခပ်ကြီးကြီး တီရှပ်ထည်က သူ့အကြိုက်နှင့် သူ့ပုံစံတော့မဟုတ်။လက်ရှည် ဖလန်ထည်၏အရောင်ကလည်းအမှိုင်းမို့ မိမိပုံစံမှာ နေ့ခင်းဘက်ကြီး မီးပျက်နေ
သယောင်ယောင်။ မတတ်နိုင် ဒါနှင့်သာ သွားရတော့မည် မဟုတ်ရင် နောက်ကျသွား
လိမ့်မည်။ First Date မှာ အချိန်လေးစားခြင်းဖြင့် အညို့အပေါ် ကိုယ့်ရဲ့ တန်ဖိုးထားမှုကို ဖော်ပြချင်ပါသည်။*** **** ****
ကားလေး မောင်းကာ အညို့အိမ့်ရှေ့ ရောက်ခဲ့သည်။ရှေ့အခါတွေကလိုပဲ ဖိုးလုံး က
ခြံတံခါးဖွင့်ပေးသည်။ ကားပေါ်က ဆင်းတော့ မိမိပုံစံအား အထူးအဆန်းသဖွယ်
ကြည့်နေသည်။တွေ့ဖူးထားတဲ့ ပုံစံနှင့် ကွဲပြားနေ၍
ထင်ပါသည်။"မသျှမ်း မမညို က ခဏ စောင့်ပါအုံးတဲ့"
ခေါင်းသာငြိမ့် ပြပြီး အိမ်ထဲ၀င်လာခဲ့သည်။
ဧည့်ခန်းထဲရောက်တော့ အန်တီချို က ထိုင် ၍စာအုပ်ဖတ်နေသည်။ သျှမ်းမေဂုဏ် ၀င်လာတာကို မြင်မှ ထ၍နှုတ်ဆက်လေသည်။"သမီးငယ်လေး လာ ထိုင်"
သျှမ်းမေဂုဏ် အား ခေါ်ရင်းနာရီကို ကြည့်မိတော့ 8:55 ။အချိန်လေးစားတတ်သော စိတ်ဓာတ်လေးအတွက် အမှတ်ပိုပေးနေမိသည်။ဒီ ကလေးလေး တကယ်တော်ပါတယ်ဆို။
"ဒီနေ့ ရုံးတက်ရက်မလား သမီး"
"ဟုတ်ကဲ့ ခွင့်တိုင်လိုက်တာပါ။"
"အဲ့လိုကိုး သမီးတို့ ဘယ်သွားကြမှာလဲကွဲ့"
"အစ်မ နဲ သား ကိုမေးပြီးမှ အတည်ဖြစ်လောက်တယ်ရှင့်"
"အေး ကောင်းတယ် ကောင်းတယ်"
အန်တီချို တစ်ယောက် ချွေးမလေးရဲ့ အလိုက်သိမှုတွေကြောင့် မနောပီတိဂွမ်းဆီ ထိ နေမိတော့သည်။တကယ် ယောင်းမလောင်း နန်းမဟာညို အပေါ်သိတက်လွန်းသည် မဟုတ်ပါလား။ ဒါနဲ့ သားဘုန်း ကကော ဘာလို့မပါတာလဲ ။
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...