Part 33

607 67 17
                                    

မောင်‌သက်မောင် နှင့် မချစ်စုထွေးတို့၏ အခမ်းနာသည်လည်း ထည်ဝါဆေးလိပ်
မိသားစု၏ အရိပ်အောက်တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

‌သစ်ချောက်သည် ဧရာ၀တီမြစ်ကမ်းဘေး မေးတင်ထားသည့် အညာရွာ ဖြစ်ရာ အညာ‌ဓလေ့အတိုင်း ထမင်းကျွေးသည်။

၀က်သား မစားသူတို့အား ကြက်သား သုံးဆောင်စေကာ အိုးကြီးချက်နှင့် မြိုင်ပေသည်။ ကျောက်ဖရုံသီးဟင်းရောင် သရက်ချဉ်သုတ် ငရုတ်သီး‌အစိုကြော်တို့မှ ငါးခြောက်နှင့်ပါရောထား၍  အစပ်အဟပ်မှာ အလွန်တည့်လေသည်။

လာရောက်သူတို့ ခေါင်းမဖော်တည်း စားကြသည့်အခါ ကျွေးမွေးရသူတို့မှာလည်း ပီတိကိုစား ခွန်အားဖြစ်ပြန်ပါသည်။

အကျွေးမွေးရက်ရောသော အညာသူအညာသားတို့မှာ အားပါးတရစားလေ ကြိုက်လေဖြစ်ရာ မင်္ဂလာဆောင်လာရောက်သူများကို ငြိုငြင်မှုအလျင်းမရှိ ထမင်းရုံများပါ ဖွင့်၍ကျွေးလေသည်။

သတိုးသား သတိုးသမီးမှာလည်း အညိုလက်ဖွဲ့သည့် အဝါနုရောင် မင်္ဂလာ၀တ်စုံလေးနှင့် အလွန်အင်မတန်ကျက်သရေရှိနေသည်။
မိတ်ကပ်ကအစ ဆံထုံး အထိ အညိုမှ တာ၀န်ယူ‌ကာ လိမ်းခြယ်ပေးထားသည်မို့ ယနေ့တွင်တော့ ချစ်စုမ လှတပတရှိနေသည်ဟု သျှမ်းမေဂုဏ်ထင်မိသည်။

သက်မောင်၏မိဘများမှာလည်း လက်လုပ်လက်စားသမားများပင်ဖြစ်၍ ချစ်စုမအား တင်တောင်းခြင်းအား ကြီးကြီးမားမားပြုမပေးနိုင်။ သို့ပေသိလည်း တစ်ဦးတည်းသောသားဖြစ်၍ ပိုင်ဆိုင်သည့် ကိုင်းနှစ်ကွက်အား တင်တောင်းပစ္စည်းအဖြစ်ထားပေးခဲ့သည်။

အဖေကော အမေကောကို မိဘနေရာတွင်ထားကာ ‌ရိုသေကြသည်ဖြစ်၍ ယနေ့တွင်တော့ သျှမ်းမေဂုဏ်တို့ မိဘနှစ်ပါးဟာ သတိုးသမီးမိဘနေရာတွင် ရှိနေသည်။ထိုကြောင့်လည်း လာသမျှဧည့်သည်တို့အား မဏ္ဍုပ်ရှေ့မှနေ၍ ဧည့်ခံကြရသည်။

"မောင်.. ဒီဘက်ဝိုင်းကို သရက်ချဉ်လေးဖြည့်ပေးပါအုံး"

အညို့ အသံကြားမှ သျှမ်းမေဂုဏ်လည်း တွေးလက်စတို့ပြတ်သွားခဲ့သည်။ ဟုတ်သည်ပေါ့ သျှမ်းမေဂုဏ်လည်း သရက်ချဉ်မပြတ်ရေးတာ၀န်ယူထားရသည်ပဲလေ။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

My Wife is LawWhere stories live. Discover now