Part 28

487 68 9
                                    

မောင်ရေ သွားကြစို့ ကျွန်မတို့ရဲ့အညာ စူးတွေဆူး လေပွေရူးတွေ တဟူးဟူးတိုက်တဲ့အချိန်မျိုးမှာ.... လာ လား လာ လား လား

သီချင်းလေးတငြီးငြီးနဲ့ မေနိုင်းကို အထုပ်ပြင်နေသည်။ အညာ တနည်းအားဖြင့် သူမမွေးရပ်မြေ ။ ‌ငသျှမ်းနှင့် သူမမကြီးတို့က ကြိုသွားနှင့်ပြီဖြစ်သည်။ ‌မမီနှင့် အလွမ်းသယ်နေရ၍ မေနိုင်းကို ငသျှမ်းခေါ်သည့် အချိန် မသွားလိုက်နိုင်။ ထို့ကြောင့် ငယ်ဘ၀ဇာတိ ‌သစ်ချောက်ရွာအား ကားငှားကာဒိုးရတော့မည်ဖြစ်သည်။

ဒိုတော့မယ် အချစ်ရယ် ရို့ ရို့ နှုတ်ဆက်ခဲ့ပါတယ် အာ့အား

***. ***. ***. ***.

သျှမ်းမေဂုဏ် မောင်းနှင်လာသော ကားသစ်‌ဖြူဖြူဖွေးဖွေးလေးသည် အညာနွေပူပူ ဖုန်ထူထူကြောင့် အရောင်ပြောင်းနေပြီဖြစ်သည်။

ခရီးလမ်းအလယ်လောက်တည်းက အိပ်ပျော်သွားသော သားသားနှင့် အညို့ကို ကြည့်ရင်း
သျှမ်းမေဂုဏ် ပြုံးမိသည်။ အမြဲတမ်း ပျော်ရွှင်အောင် စိတ်မဆင်းရဲအောင် ထားပေးဖို့ ကတိပေးပါတယ် မောင့်ရွှေမင်းသမီးလေး။

ရွာအ၀င်ရောက်တော့ အညိုကို မနှိုးလို့ မဖြစ်တော့။ ရွာအ၀င်ရောက်တော့ နေတစ်ဖက်စောင်းကာ အနောက်အရပ်သို့ မေးတင်နေပြီဖြစ်သည်။

ရွာအနောက်ဖက်ရှိ တန့်ကြည်တောင်ဖက်ရိုးဆီမှ အခင်းများထဲ၌ ရွာခံတို့ အိမ်ပြန်ဖို့ ‌ပြင်ဆင်နေပြီဖြစ်သည်။ မွေးရပ်မြေမှ ရသော မြေသင်းနံ့တို့ကို ရှုရှိုက်မိသည်နှင့် တာ၀န်နှင့် မွန်းကြပ်မှု တို့မှ ကင်းလွတ်သွားဟန် ခံစားလိုက်ရသည်။ အညာ သည် လှလေစွ သာလေစွ။

"အညို ထတော့‌လေ ရွာထဲ၀င်တော့မယ်"

"ဟင် "

"ရွာ‌ထဲ၀င်တော့မယ် ထ တော့လို့ အချစ်ရဲ့"

"အချစ်က ဘယ်သူလဲ ဘယ်က‌ကောင်မနဲ့ မှားခေါ်နေတာလဲ ရုတ်ရုတ် ရုတ်ရုတ်လာမလုပ်နဲ့နော် ဟို‌တစ်ယောက်ကို အစရှာမရဖြစ်သွားမယ်"

"အမလေး အညိုရယ် ဖြည်းဖြည်းပြောပါ
ဘယ်သူမှ မရှိပါဘူး အညိုသည်သာ အချစ် အညိုသည်သာ အသဲ အညိုသည်သာ ပူးတူးတူးလေး ဟုတ်ပြီလား"

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

My Wife is LawWhere stories live. Discover now