အညို နှင့် သားအား သျှမ်းမေဂုဏ်ဇာတိသို့ ခေါ်သွားမည် ဖြစ်ကြောင်း ဆရာနှင့် မေချိုအား ထမင်းစားပွဲတွင် ဖွင့်ပြောဖြစ်သည်။
ဆရာကော မေချိုပါ ခွင့်ပြုပါက သျှမ်းမေဂုဏ် ဇာတိသို့ ဆယ်ငါးရက်ခန့်သွားမည်ဖြစ်သည်။ထမင်းစားပွဲမှ ပထမဆုံးထသူမှာ ဆရာဖြစ်ပြီး သျှမ်းမေဂုဏ်အား ပြောစရာရှိသည်ဆိုသဖြင့် စာဖတ်ခန်းထဲသို့ရောက်နေခြင်းဖြစ်သည်။
စာဖတ်ခန်း မီးရောင်အောက်မှ ဆရာ့မျက်နှာမှာ အလေးအနက် ဟန်ပန် ဖြစ်နေသည်။
"ဆရာ ရှည်ရှည်ဝေးဝေးမပြောတော့ဘူး
ဆရာ့သမီးကြီး နန်းမဟာညို နဲ့ သမီး တို့က ဘယ်လိုဆက်ဆံရေးမျိုးလဲ""မေတ္တာမျှနေကြပါတယ်ဆရာ"
ဆရာ့ဘက်မှ ထုတ်မေးလာ၍ သျှမ်းမေဂုဏ် အံဩသွားသော်လည်း ဖုံးကွယ်နေရန် စိတ်မကူးပါ။
"အဲ့တော့ကာ ဆရာ့တို့အိမ်ကို ၀င်ထွက်နေရတဲ့အကြောင်းက ဆရာ့သမီးကြီးကြောင့်ပေါ့ "
"ဟုတ်ကဲ့ဆရာ"
"တကယ်လို့ သမီးကြီးမဟုတ်ဘဲ သားငယ်ဘုန်းမဟာညို နဲ့သာဆို ပိုပြီးလှိုက်လှိုက်လဲလဲ လက်ခံပေးမိမှာပါ စိတ်ကူးယဉ်ရတာ လွယ်ပေမဲ့ လက်တွေ့မှာ မလွယ်မှန်း သျှမ်းမေဂုဏ်လဲ သိမှာပါ ဒီတော့ သမီးကြီးနဲ့ဆက်ဆံရေးကို ဘယ်လောက်ထိများ မျှော်လင့်ထားလဲ"
"နှစ်ယောက်မရှိတဲ့ ဘ၀လက်တွဲဖော်ပါ "
"ဟား...သေချာလှချည်လား ဆရာ့ဘက်ကလဲ ဘာကိုမှ တရား၀င် ခွင့်မပြုရသေးပါလား"
ဆရာစကားကြောင့် သျှမ်းမေဂုဏ်၏ မျက်လုံးများပါ ပြာသွားသည်။အညို နှင့်ပတ်သတ်လျှင် မည်သည့် မကောင်းစကားကိုမှ နှလုံးသားက လက်မခံနိုင်ပုံပါ။ ရင်ဖက်ထဲမှ ဆစ်ကနဲ အောင့်သွားသည်။
"ကျေးဇူးပြုပြီး တကယ်ကို ကျေးဇူပြုပြီး ခွင့်ပြုပေးပါ "
"ဆရာ့သမီးကြီးဘက်မှာ သားတစ်ယောက်ပါသေးတယ်နော် သျှမ်းမေဂုဏ် သေချာစဉ်းစားပါအုံး"
"မဟုတ်လဲ ကလေးရအောင် စွမ်းဆောင်နိုင်ရည်မှ သမီးမှာ မရှိပါဘဲဆရာရယ် တကယ်ဆို အညိုမှာ ကလေးရှိတာ ပိုကောင်းပါတယ် အညို့ ဘ၀လက်တွဲဖော်က အမျိုးသားတစ်ယောက်ထက် အမျိုးသမီးတစ်ယောက်က ပိုသင့်တော်ပါတယ် "
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...