Part 13

1.1K 65 4
                                    

ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်လွန်ပြီးနောက်

မေနိုင်းကို သျှမ်းမေဂုဏ်ကိုကြည့်ကာ စိတ်မချမ်းသာဖြစ်လာသည်။ရေခဲတုန်းမဟုတ်သည့် ရေခဲတောင်လို လူစားက ငေးငိုင်နေတော နေသားမကျ။တစ်လျှောက်လုံး ထက်မြက်နေသည့်သူက အာရုံမစိုင်နိုင် ဖြစ်နေသည်မှာ ၁၄ ရက်ခန့်ရှိနေလေပြီ။ဆက်သွယ်ပါဆိုတော့လဲ မဟုတ်။Block ထား၍ ခေါ်မရဟုသာပြောနေသည်။ တဆိတ် ငသျှမ်း ဦးနှောက်က ဆေးလိပ်သောက်ပါများ၍ အသုံးမကျတော့သည်များလား။

"ဒီအတိုင်း ဘယ်လောက်ဆက်နေမယ်စဥ်းစားလဲ "

"ဟင် "

မျက်လုံးတွေက ငေးငေးငိုင်ငိုင်။ဆရာမကြီး တကယ် အသည်းကွဲနေသည်ပဲ။

'ဖုန်းဆက်လို့မရတော့ဘူး '

"ဘာလို့လဲ"

"Block သွားပြီ "

မေနိုင်းကို သျှမ်းမေဂုဏ်အား သောက်သုံးတစ်စက်လေးမျှမကျ သူကဲ့သို့ ကြည့်လိုက်ပြီးမှ အားရပါးရပြောချလိုက်သည်

"သောက်တုံး

.....

"၁ နင့်တစ်ယောက်ကိုပဲ ဟိုက block ထားတာ
အဲ့တော့ ငါ့ဖုန်းနဲ့ နင်ဆက်လို့ရတယ် "

"၂ ဆရာက နှစ်ပတ်လုံး ပုံမှန်ဘာမှမပြောင်းလဲဘူး အဲ့တော့ မမကြီးနဲ့ နင့်ကိစ္စကို အိမ်ကသူတွေမသိဘူး
အဲ့ဒီအကြောင်းကို ပိုခိုင်လုံစေတာက ဟိုအကောင် ဘုန်းမဟာညို အဲ့ကောင် ဘာမှမမေးဘူးမလား"

"အင်း"

"ဒီတော့ ငါ့ထင်မြင်ချက်က မှန်တယ် ဆိုတဲ့ ရာနှုန်းများတယ် ။ အနှစ်ချုပ်အနေနဲ့ နင် သူ့အိမ်ကို သွားလို့ရသေးတယ်။သူ့ မားသားကြီးက နင့်ကိုချွေးမတော်ချင်နေတာမလား။"

"အင်း "

"၃။ သူ့နင်ကို အပြတ်ငြင်းလိုက်တာလား"

"အင်း "

"အခွင့်ရေးဆိုတာ ၂ခါ ကိုယ်တိုင်မလာဘူး။တစ်ခါပဲလာတယ်။နောက်​တစ်ကြိမ်ဆိုတဲ့ အခွင့်ရေးကို လိုချင်ရင် နင်ကိုယ်တိုင်ကြိုးစားရမှာ နင့်မမကြီးက နင့်ဆက်သွယ်လာမှာကိုစောင့်နေတာလဲဖြစ်နိုင်တာပဲ"

My Wife is LawWhere stories live. Discover now