Part 14

765 48 4
                                    

My Wife is Law

part 14

နန်းမဟာညို ကြောင်သွားမိသည်။ဘယ်နှယ်ရှင် စိတ်ဆိုးလို့ လာချော့သည်ကို စာအုပ်သုံးအုပ်နှင့်

"  ဒါ ဘာတွေလဲ"

  "စာအုပ်တွေပါ"

"စာအုပ်တွေမှန်းသိတယ်လေ ဘာလုပ်ဖို့လဲမေးတာ"

"အညို့ အတွက် အညို့ကို ဖတ်စေချင်လို့ပါ"

"အော် အော် နှစ်ပတ်နီးပါးပျောက်သွားပြီး ပြန်ပေါ်လာတော့ စာအုပ်သုံးအုပ်နဲ့ပေါ့
မလိုချင်ဘူး ပြန်ယူသွား"

"မဟုတ်ဘူးလေ ကလေး က လာချော့နေတာကို"

"ဘယ်မှာလဲ ကလေး"

"ဒီမှာ"

ပြောရင်းနဲ့ သူ့ရင်ဖက်ကို လေးငါး ခါ ပုတ်ပြလိုက်သေးသည်။

"ဟုတ်တယ်လေ အညို ကလည်း ကိုယ့်ထက်ငယ်ရင် ကလေးပေါ့ "

"တော်တော်"

"ဟုတ်ဟုတ်"

"စာအုပ်တွေပြန်ယူ ပြီးတော့ ပြန်တော့"

"မပြန်ပါဘူးနော် အညို့က စိတ်ကောက်
ပြေပါပြီလို့ ပြောမှ ပြန်မှာ"

"သျှမ်းမေဂုဏ်!"

"ရှင့်  ဖြည်းဖြည်းအော်ပါနော် နှလုံးသားက
နုနုလေး"

''မတော်သေးဘူးလား"

""ဟင့်အင်း အညိုက စိတ်ကောက်ပြေမှ""

"စိတ်မကောက်ပါဘူး"

"ဒါဆိုဘာလို့ ဖုန်းကို ဘလော့လဲ ဒီက လွမ်းနေတာကို ဒီ ၂ ပတ်လုံးလုံ အသံလေးတောင် မကြားရ တဲ့ ဘ၀ သနားဖို့ အရမ်းကောင်းတာပဲ"

"'​ဖြည်လိုက်မယ် ပြန်တော့"

"နိုး  မပြန်ဘူး"

"ရုံးကကော  မင်းမသွားရင် မင်းအလုပ်တွေ ဘယ်လိုလုပ်မှာလဲ "

"ရှိတဲ့သူလုပ်ပါလိမ့်မယ် အညိုရယ် ဒီက နှလုံးသားလေး ဒဏ်ရာ ရနေတဲ့ ရှေ့နေလေးကိုပဲ  ဂရုစိုက်ပါ"

နန်းမဟာညို မျက်စောင်းလှလှတစ်ခုပစ်လွှတ်လိုက်သည် တတ်လည်းတတ်နိုင်ပါပေ့။
ဒီလို သာလိကာလေးမှန်းသိရင်  ပိုးတုံးလုံးလို့မခေါ်ဘဲ  သာလိကာလေး လို့ခေါ်ပါတယ်။အများရှေ့နဲ့ မတူဘဲ ရယ်နေလိုက်တာများ ချစ်ချင်စရာ။ သွားစွယ်ချွန်ချွန် နှုတ်ခမ်းပါးပါးလေးက တကယ် စကားကြွယ်ပါဘိကွယ်။တဆက်ထဲ နှလုံးသားက တဒုတ်ဒုတ်
ဖြစ်လာတာမို့ မျက်နှာလွဲလိုက်မိသည်။

My Wife is LawWhere stories live. Discover now