Part 17

1.1K 64 2
                                    

သျှမ်းမေဂုဏ် အဆောင်ပြန်ရောက်သည်ထိ မေနိုင်းကို ပြန်မရောက်သေး။သျှမ်းမေဂုဏ် ရေချိုး ၍ ညအိပ်၀တ်စုံ ပေါ့ပေါ့ပါးပါးတစ်ထည်၀တ်ထားသည်။

အပြာရင့်ရောင် ညအိပ်၀တ်စုံအောက်မှ သျှမ်းမေဂုဏ် ခန္တာကိုယ် ပါးလျပ်လျပ်က ပိုပေါ်နေသည်။မီးရောင်နှင့် ဆိုတော့ ကြည်လင်သည့် အသားရောင်က ဖြူလျော့လျော့။

သျှမ်းမေဂုဏ် ရေချိုပြီး နာရီ၀က်ကျော်ကြာမှ မေနိုင်းကို ရောက်လာသည်။

"ငသျှမ်း ပြန်ရောက်ပြီလား"

"အင်း"

သျှမ်းမေဂုဏ် နာရီကြည့်လိုက်တော့ ၁၀:၃၀

"ရေချိုးလိုက်အုံးမယ် ထမင်းက နင့်ယောက္ခမလောင်းက ကျွေးလိုက်တယ်မလား"

ငသျှမ်းက ခေါင်းသာညိမ့်ပြသည်။အလကားရတဲ့ လေတောင် နှမြောနေတယ်။
မေနိုင်းကို နောက်လဲကျနေပြီမို့ ရေကို ခပ်သွက်သွက်ပဲချိုးလိုက်သည်။
ရေချိုးပြီးတော့ ငသျှမ်းလဲ မအိပ်သေး ။ဒါကြောင့် ပြီတီတီ မျက်နှာပေးနှင့်

"ငသျှမ်း အခြေနေ"

"ကောင်းပါတယ်"

"မမကြီးက စိတ်ကောက်နေလား"

"မကောက်ပါဘူး"

"နင်ဖွင့်ပြောထားတာကိုကော ဘာပြောလဲ"

"မပြောသေးဘူး"

ငသျှမ်းတစ်ယောက် အခြေနေ တိုးတက်လာပုံပေါ်ပါသည်။တစ်ခွန်းမေး တစ်ခွန်းဖြေဆိုမှတော့

"ဟဲ့ ဒါနဲ့ နင့် မမကြီးကို ဘာလက်ဆောင်ပေးလိုက်တာလဲ"

"စာအုပ်"

ဘာ!

"သျှမ်းမေဂုဏ် ရာ  နင် ပန်းစည်းလေး ဘာလေးနဲ့
ချော့ရမှာလေဟာ"

"အင်း "

"နင့်မေ ကို အင်း  နင်တစ်ယောက်နဲ့ စိတ်ချမ်းသာတယ် "

မေနိုင်းကို ပြောတာကို သျှမ်းမေဂုဏ် အာရုံမရ။
လက်ကျန် စီးကရက်ဘူးထဲမှ စီးကရက် တစ်လိပ်ကို ထုတ်လိုက်သည်။မေနိုင်းကို ရုတ်တရက်ကြောင်သွားသည်။ငသျှမ်း သူ့မမကြီးနှင့် အဆင်ပြေနေသည်ကြားမှ ဆေးလိပ်ကောက်ကိုင်သည် မှ ထူးဆန်းနေသည်။

My Wife is LawWhere stories live. Discover now