Part 6

1K 61 4
                                    

မေနိုင်းကို အကြံ အထမြောက်ပါသည်။
ငွေနှစ်ထောင်ကို အညိုပြန်မတောင်းခဲ့ပါ။
ငွေနှစ်ထောင် အကြောင်းပြု၍ ရင်းနှီးအောင်လုပ်ရမည်။ ဒီတော့ အညို့ သဘောတူညီမှု ရအောင် ဖုန်းဆက်ရမည်။

တီ .....တီ......

သိပ်မစောင့်ရပါပဲ အညို သူ့ဖုန်းကို ကိုင်ပါသည် ။

"ဟဲလို ညီမလေး ပြော"

"ကျေးဇူးတင်​ကြောင်းပြောချင်လို့ပါ"

"ဟင် ဘာကိုလဲ ညီမလေးရဲ့"

"ညက ပိုက်ဆံချေးတဲ့ ကိစ္စ"

"မဟုတ်တာပဲ ကို နောင်လဲတွေ့ရမယ် သူတွေပဲကို ကူညီရမှာပေါ့"

"ဟုတ်ပ အဲ့ကြောင့် ပိုရင်းနှီးသွားအောင်လို့
သားလေး နဲ့ အတူတူ အပြင်ပဲ ဖြစ်ဖြစ်သွားရအောင်ခေါ်ချင်လို့ အန်တီတို့ က သဘောတူပါ့မလား"

"ဟမ်!

နန်မဟာညို အမှန်တိုင်းပြောရရင်ကြောင်သွားပါသည်။ ဘယ်နှယ့် ကိုယ်က အရွယ်ရောက်ပြီးသား သူတစ်ယောက်ပါ။မိဘတွေနဲ့ တယ်ဆိုပေမဲ့ အပြင်ထွက်မဲ့ ကိစ္စလာက်ကိုတော့ မေမေ့ဆီက ခွင့်ပြုချက်တောင်းစရာမလိုပါ။သူပြောမှ မသိရင် ရည်းစားနဲ့ ချိန်းတွေ့ဖို့ကို မေမေ့ဆီခွင့်တောင်းရသလိုလို။ယောင်းမလောင်းလေး ပိုးတုံးလုံးဟာ ပုံမှန်ဖြစ်ဟန် မတူပါ။

"ရပါတယ်"

"ဟုတ်ပြီ ဒါဆို ကိုယ်တို့ မနက်ဖြန်တွေ့မယ်နော်"

"အင်းပါ မနက်စာ ကိုးနာရီလောက်ဆိုရင်ကော"

"ရတယ် ရတယ် ကိုယ် လာခေါ်မယ်နော်"

"အင်း အင်း အဲ့ဒါဆို ဒါပဲနော်"

"ဟုတ်ကဲ့"

ဖုန်းချပြီးနောက် နန်းမဟာညို အတွေးထဲမှာ
ပိုးတုံးလုံး သာနေရာယူလာနေသည်။တစ်ခါတွေ့လျှင် ပုံစံတစ်မျိုးနှင့် အလွန်ဆန်းကြယ်သည့် အမျိုး။ ပိုးတုံးလုံးက သူ့ကိုယ့်သူ့ နာမ်စားကို ကိုယ် ဟု သုံးသုံးသွားသည်ကို သူသတိထားမိပါသည်။ မိမိထက် အငယ်က ဒီလို လာသုံးနေတာ တခြားသူသာဆို အကြောမတည့်လောက်ပေမဲ့ ပိုးတုံးလုံး​အသံခပ်ရှရှလေးနဲ့ကျ မဆိုးပါဘူး ။နားထောင်ကောင်းတယ်လေ။သူ့ကိုယ်သူသာ ကိုယ် လို့ပြောတာ နန်းမဟာညို ကို နာမ်စား သူ မသုံးတတ်။ ပြောစရာရှိတာကိုသာ သူ့၀သီ အတိုင်း ခပ်အေးအေးတစ်လုံးချင်းပြောသည်။ အနာဂတ် ယောင်းမလေးက သူ့ကို အရမ်းအလျော့ပေးချင်နေသည့်ပုံစံလေး။

My Wife is LawWhere stories live. Discover now