သျှမ်းမေဂုဏ်တို့ အဖွဲ့သားအားလုံး အိမ်ပြန်ခွင့်ရပြီဖြစ်သည်။သို့သော်လည်း မှာစရာရှိသေးသည်ဟူသော ကိုသူရစကားကြောင့်
သျှမ်းမေဂုဏ်တို့ သုံးယောက်လုံး ဌာနရှေ့မှ ကော်ဖီဆိုင်မှ စောင့်နေရသည်။ဇေယျာမျိုးတင်(ခေါ် ) ကိုဇေကြီးမှ"ငသျှမ်းနဲ့ အငယ်လေး ဟိုနှစ်ကောင်ရန်ဖြစ်ပြီးလာလိမ့်မယ် မယုံရင်လောင်းမလား
ငါးထောင်ကြေး""စိန်တယ် ကိုဇေကြီးက ဘယ်လိုသိလဲ"
သျှမ်းမေဂုဏ်ကတော့ ဘာမှ၀င်မပြော။ပြောမည့်စိတ်ကူးလည်းမရှိ။မေနိုင်းကို နဲ့ ကိုဇေကြီးသာ နှစ်ယောက်တည်းလုပြောနေခြင်း။
"ပန်း၀တ်မှုန် ကိုတွေ့ခဲ့တယ်လေ"
"ဟို ညွှန်မှူးသမီးလား"
"အေး ပန်း၀တ်မှုန်က ဟိုကောင် သူရကိုလာစောင့်တာနေမှာ ဘုန်းသီဟကို မျက်နှာကြီးများ ချီးမှန်သလိုပဲ ခွီး"
"သူကလဲ ဘာလို့ အားတိုင်းလာနေတာလဲမသိဘူး
ဆရာ၀န် ထဲ အဲ့လောက်အားနေတဲ့ ဆရာ၀န်မတွေ့ဘူးပါဘူး""အေးလေ ငါလဲ အဲ့တာပြောတာ ညွှန်မှူးသမီးဆိုတိုင်း လုပ်ချင်တာလုပ်နေတာ"
"ဒါနဲ့ ကိုဇေကြီး ကိုသူရ နဲ့ အဲ့ ညွှန်မှူးသမီးက စေ့စပ်ထားတာဆို ကျွန်တော် နဲ့ ငသျှမ်းတောင် သွားစားသေးတယ် နော် ငသျှမ်း"
"အေး ဟိုကောင် သူရ နွားဖြစ်ချင်နေတာ"
"ဘာလို့တုန်း သူတို့ချင်းကြိုက်လို့ စေ့စပ်တာမဟုတ်ဘူးလား "
"ဟုတ်မနေဘူး သူရ စအလုပ်၀င်၀င်ချင်းမှာပဲ သူရ အမေက ရောဂါသည်းတယ်လေ အမေတစ်ခု သားတစ်ခု ဘ၀မှာ စုထားတာလဲမရှိတော့ ဒုက္ခရောက်တာပေါ့ အဲ့မှာ ညွှန်မှူးက
သူရကို အလားအလာရှိမှန်းသိတော့ မျက်နှာသာပေးတယ် ဆေးရုံစရိတ်ကိုလဲ ကူပေးတယ်""အဲ့ကနေ ပန်းအိဖြူနဲ့ တွေ့တာ အဲ့မှာ
ပန်းအိဖြူက ကြိုက်သွားပြီ ပလီပလာမူယာ လုပ်လိုက်တာ သူရနဲ့စေ့စပ်လိုက်ရရော သူရကလဲ တစ်ဖက်က မိန်းကလေးက စပြောတော့ အားနာနာနဲ့ လက်ခံလိုက်တာ အားနာတာကော ကျေးဇူးတွေကော ပေါ့ကွာ "
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...