Uni
အညို တဲ့ ခပ်ညစ်ညစ် အရောင်တစ်ခုဆိုတဲ့ သဘောများ သက်ရောက်နေမလား ကလေးငယ် ။ကောက်ကျစ်မှူတစ်ခုကြောင့် မထင်မှတ်ဘဲတွေ့ခဲ့ရတဲ့ လောကဓံတွေ အကြောင်း သူသိမှသိပါ့မလား။ စင်းလုံချောမဟုတ်နေတဲ့ ဘ၀ ကို သူသိမှသိပါ့မလား။
ရင်မောပ အချစ်ရယ် ။ သူ့သဘော အညို ဆိုတာက တော်၀င်ဆန်လွန်း မြတ်နိုးလွန်းလို့ပါတဲ့။**** **** ****
" ယောင်းမဖြစ်ချင်တာ မဟုတ်ဘူး မိန်းမဖြစ်ချင်တာ"
"ဟင်"
"မဟင်နဲ့ အတည်"
"ချွေးမ ဖြစ်ချင်လား ဆိုတော့ မငြင်းဘူးဆို
ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းတဲ့""ချွေးမဖြစ်ချင်လို့လေ ဒါပေမဲ့ သားကြောင့်မဟုတ်ဘဲ သမီးကြောင့်ဖြစ်ရတဲ့ချွေးမ"
ဘာ!
"ဟုတ်"
"နင်မေကြီးတော်ကို ဟုတ် လက်မခံနိုင်ဘူး"
"ဘာလို့လဲ ဟင်"
"သားကြောင့် သားဘယ်လိုနည်းနဲ့မှ စိတ်မထိခိုက်စေချင်ဘူး"
"သူ ဖေဖေလေးရမှမဟုတ်တာ မေမေလေးရမှာပါ"
သျှမ်းမေဂုဏ် !
"ရှင့် ဖြေးဖြေးပြောပါ အညို ကလဲ"
"တော်တော် အတင့်ရဲတာပါ"
"အရဲစွန့်ပြောတာပါ ချစ်တယ်နော်"
"တော် တော် ပြန်တော့"
"ဟုတ်ကဲ့"
ရှေ့နေနှင့် အပြိုင် ရှေ့နေသာနိုင်သွားတာကြောင့် ဘာမှဆက်မပြောနိုင်ဘဲ ကားပေါ်က ဆင်းဖို့ပြင်ရသည်။
"အညို့ သား"
"ငါ့သားက ဘာဖြစ်လဲ"
"နောက်ခန်းထဲမှာ အိပ်ပျော်နေတာ ချီပို့ပေးရမလား"
YOU ARE READING
My Wife is Law
Fantasyမြန်မာပြည်ထိပ်တန်းမင်းသမီး နန်းမဟာညိုက တိတ်တဆိတ်ကိုယ်၀န်ရသွားတယ်တဲ့ အတင်းလား သတင်းလားမကွဲပြားတဲ့ သတင်းတစ်ခုဟာ မြန်မာပြည် Media မှာအလွန်ဂရက်ထသွားသတဲ့ ကိုယ့်ကျိုးကြည့် အတင်းသမားတွေနဲ့ အဖျင်းမီဒီယာတွေဟာ ဇွတ်သတင်းလုပ်တာကြောင့် မြန်မာ့ရုပ်ရှင်ထိပ်သီးမ...