Part 10

761 47 4
                                    

ဘုန်းမဟာညို ၀ရံတာပေါ်တက်သွားတဲ့
အစ်မဖြစ်သူကို တွေ့လိုက်တာကြောင့် အနောက်ကလိုက်ခဲ့သည်။လရောင်အောက်မှ ၀ိုင်နီတစ်ခွက်နှင့် အစ်မ ဖြစ်သူက စိတ်ရှုပ်နေဟန်။

"အစ်မ ငါ လာခဲ့မယ်နော်"

နန်းမဟာညို မောင်ဖြစ်သူ ဘုန်းမဟာညို ကို တွေ့တာကြောင့် ခေါင်းငြိမ်ပြတော့ ဘေးမှာလာထိုင်သည်။လက်ထဲမှာလဲ ၀ိုင်ခွက်က အသင့် ။

"ဘာတွေစိတ်ရှုပ်စရာဖြစ်နေတာလဲ ပြောပြချင်လား"

"ဒီလိုပါပဲ ထွေထွေထူးထူးရယ်တော့ မရှိပါဘူး"

"အစ်မ ငါ့အစ်မ ငါ့ဘ၀ တစ်လျှောက်လုံး နင့်ကို အမြဲ စောင့်ကြည့်ဂရုစိုက်လာတာပါ နင့်မျက်နှာတစ်ချက်ပျက်တာနဲ့ ဘာဆိုတာ ငါသိတယ် အဲ့တာကြောင့် ငါကို မညာနဲ့"

"ဟူး......"

သက်ပြင်းရှည်တစ်ခုနောက်မှာ ၀ိုင်တမော့ သောက်လိုက်သည်။သူ ဘုန်းမဟာညိုကို
မညာတတ်သေး။ငယ်စဥ်ကတည်းက အစ်မ ဖြစ်သူကို အရိပ်တကြည့်ကြည့် နေလွန်းသူ
အစ်မထိလျှင် မခံလွန်းသူမဟုတ်လား။

"သျှမ်းမေဂုဏ် "

"အင်း "

.....

"သျှမ်းမေဂုဏ်ကြောင့်လား "

"အင်း"

"နာမည်က သျှမ်းမေဂုဏ်
အလုပ်အကိုင်က ရှေ့နေ ခုတော့ LLM ဆက်တတ် နေတယ် နယ်ဖက်က ပဲ အခုတော့ အဆောင်ခန်းတစ်ခုကို မေနိုင်းကို နဲ့ အတူငှားနေတယ်။ ညဏ်ကောင်းတယ် တော်တယ် ပြတ်သားတယ် စကားနည်းတယ် တော်ယုံလူမယှဥ်နိုင်တဲ့ လူစားမျိုး"

ပိုးတုံးလုံးကောင်းကြောင်းချည်းပြောနေတဲ့ မောင်ဖြစ်သူ​ကို နန်းမဟာညို ခပ်ထွေထွေ
ကြည့်လိုက်သည်။ပြောသွားတာတွေက ကောင်းတာတွေချည်း ။

"နင် ကြိုက်လား"

"အမယ်လေးဗျာ ငသျှမ်းကိုလား မကြိုက်ပါဘူး"

"သူက ငါ့ကို ကြိုက််တယ်တဲ့ "

"ထင်ပြီးသားပါ"

.......

"ဟုတ်တယ်လေ ငါ ငသျှမ်းနဲ့ သိလာတာ ဟိုးလွန်လေပြီးသောထဲက သူယောကျာ်းလေးတွေကို မကြိုက်တာ သတိထားမိပြီးသားပါ"

My Wife is LawWhere stories live. Discover now