👑👑1 Uni👑👑

22.1K 160 7
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑1👑

သန်းခေါင်ယံညရဲ့ အမှောင်ယံကြားထဲမှာ
ယှဉ်လျှက်ပြိုင်လာနေသော ပြိုင်ကားနှစ်စီး.....
အုပ်အုပ်သည်းသည်းဖြစ်နေတဲ့လူတွေက
အော်သံတွေမထွက်ပေမဲ့ အားမလိုအားမရဟန်နှင့်
လှုပ်ရွနေတာဟာ အငြိမ်နေတယ်ကိုမရှိ......။

မျက်မှန်အောက်က ကျဉ်းမြောင်းသော
မျက်ဝန်းစူးစူးတွေက မျက်ဝန်းထောင့်မှာမြင်နေရတဲ့
အနီရောင်ပြိုင်ကားကိုလှည့်မကြည့်ပဲနဲ့
နှုတ်ခမ်းတွန့်ပြုံးလိုက်မိ၏။
ညမှောင်မှောင်ထဲမှာ နေကာမျက်မှန်အမဲကြီး
တပ်ထားတာကနည်းနည်းတော့ခွကျပေမဲ့
ပြောရမယ်ဆိုရင် ဒါသူ့စတိုင်......။

ဘုရင်မျိုးနွယ်ဆိုတဲ့သူက သူများထက်
နည်းနည်းလေးထူးလိုက်ရမှ လူဖြစ်ရကျိုးနပ်တယ်လို့ထင်တာလေ.....။
အတွေးတို့အဆုံး စတီယာရင်ပေါ်ကလက်က
အနည်းငယ်လှုပ်ရှားသွားရင်းမှ ဂျာကင်ထဲက
ပီကေတစ်ခုကိုထုတ်ဝါးလိုက်သည်။
လက်တစ်ဖက်ထဲဆောင်ရွက်နေပေမဲ့လဲ
ဘေးနားမှာပါလာတဲ့ ရန်သူတပ်ရဲ့ကားက
သူ့ကိုကျော်တက်ဖို့ကိုအခွင့်မသာ.....။

ပီကေကိုဝါးရင်းတဖောက်ဖောက်အသံမြည်အောင်
တမင်လုပ်ပြနေတဲ့ဘုရင့်ကို ရန်သူကြည့်ရင်း
အံကြိတ်လိုက်မိ၏။
ဒီကောင့်ကိုဒီတစ်ခါတော့နိုင်စေရမယ်!!!

ဘုရင်ကလဲငဲ့ကြည့်မိတဲ့မျက်ဝန်းတွေကို
ရုတ်သိမ်းရင်းမှ ပီကေဝါးနေတဲ့နှုတ်ခမ်းတွေ
တွန့်ကွေးပြုံးသွားမိသည်။
တကယ့်ပြိင်ပွဲကအခုမှစမှာ.......။

လီဗာကိုအဆုံးထိနင်းချရင်းမှ
စတီယာရင်ကိုကျွမ်းကျင်စွာလှည့်လိုက်တော့
ရန်သူ့ ကားရှေ့ကျော်ရောက်သွားသလို
ကျန်ခဲ့တဲ့ရန်သူ အလျင်အမြန်ဘရိတ်အုပ်လိုက်တာတွေ့၏။

“အဟက်.....”

ရယ်သံကတိုးပေမဲ့ သတိထားမိနေတဲ့
ရန်သူ့မျက်ဝန်းတွေ ရဲရဲနီသွားရင်းမှ
အံကြိတ်လိုက်မိသည်။
ဒီကောင်မထီလေးစားနဲ့......။

“ဘုရင့်ကိုကျောချင်ရင် ဒီလိုဖျက်ခနဲပေါ်လာတဲ့
Surprise လေးတွေကိုသတိထားတတ်ရတယ်.....”

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now