👑👑39 Zg👑👑

1.8K 8 0
                                    

👑ဘုရင့်မူပိုင်👑

          Segment 👑39👑

ကိစ္စတွေကလျင်မြန်လေသည်။
တရားရုံးရောက်နေပြီလို့ကြားသိရတဲ့
နန်းကိုသွားကြည့်ရန် ဘုရင်ကားမောင်းရင်းသွားရန်ပြင်တော့
အပြေးလိုက်လာတဲ့ဘုံက သူ့အင်္ကျီကို
ဆုပ်ကိုင်ရင်းမှ

“ကိုကို ဘုံလိုက်ခဲ့မယ်....."

ရန်ဖြစ်ရလောက်မဲ့ပြသနာတွေမရှိတာမို့
ဘုရင် သည်းငယ်ကိုပါခေါ်သွားရန်
ပြင်လိုက်မိ၏။

“ဒါနဲ့ကိုကိုကဘယ်သွားမှာလဲဟင်
ဘုံ့ကိုမပြောပဲခဏခဏအပြင်သွားနေတော့ ကြာတော့လဲဘုံပျင်းလာတယ်....."

မပြောပဲထားတဲ့ကိစ္စကိုပြောရန်စဉ်းစားမိသည်။သူမလဲသိချင်နေမှာပဲ!!

“နန်းတို့ဆိုင်အတုတွေဖြစ်နေလို့
အစိုးရကဆိုင်ကိုသိမ်းသွားပြီလေ
သူတို့လဲပြသနာတက်နေလို့ တရားရုံးမှာ
‌ရောက်နေတယ် လျော်ကြေးတွေလဲလျော်ကြေးတွေလဲ
ပေးရမယ်ကြားတယ်.....”

“အို အဲ့လောက်ထိဖြစ်သွားတာလား ကိုကို”

မသိခဲ့တဲ့ကိစ္စကဒီလောက်ထိ နက်နဲမယ်မှန်းမထင်ခဲ့မိတာအမှန်မို့ ဘုံပါးစပ်လေး
အဟောင်းသားဖြစ်သွားရသည်။
ကိုကိုကတော့သောကတွေဟပ်နေတာမို့
ကျန်တာဆက်မပြောပဲကားကိုသာ
သေချာမောင်းနေလေ၏။

ကိုကို့မာမီတော့သနားပါတယ်!!
ဆေးရုံကဆင်းတာတောင် လပိုင်းပဲ
ရှိသေးတယ် အခုလိုအဖြစ်ဆိုးကြီးနဲ့
ကြုံရပြန်ပြီ!!!

ဘုံတွေးရင်းမှ ကိုကို့ရင်ထဲက
သောကတွေကိုမြင်နိုင်၏။
အမေအရင်းမဟုတ်တောင် နေလာခဲ့တဲ့
သက်တမ်းက ကိုကို့အသက်လောက်ပဲမို့
အမေရင်းချာလိုချစ်ခင်မိမှာမလွဲမသွေ!!
သခင်မကြီးကသေခန်းဖြတ်ထားပေမဲ့ အခုလိုအဖြစ်ဆိုးကြီးကိုတော့ ကိုကိုက
ကြုံစေချင်မှာမဟုတ်!!?
တစ်လမ်းလုံး ကိုကို့မျက်နှာကြည့်လိုက်
ဘုံ သက်ပြင်းတွေချလိုက်နှင့်
တစ်လမ်းလုံးစိတ်မအေးစွာပါလာရသည်။

👑👑👑👑👑

တရားရုံးရောက်တော့ လူတွေက
အုပ်အုပ်ကျပ်ကျပ်ဖြစ်နေကြ၏။
နာမည်ကြီးစိန်ဆိုင်မို့ တစ်ယောက်သိ
နှစ်ယောက်သိပြန်ဖြန့်ရင်းအခုလို
ပွဲကျသွားတာနေလိမ့်ပေမည်။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now