👑👑40 Uni👑👑

6K 144 6
                                    

👑ဘုရင့်မူပိုင်👑

          Segment 👑40👑

“မင်း မင်း ဒါဘာလုပ်တာလဲ??....."

“ဘာမှမလုပ်ပါဘူး မာမီကိုယ်တိုင်
ပေးခဲ့တဲ့ကျွန်‌တော့ရဲ့ပိုင်ဆိုင်မှုကို
အသာလေးပြန်လာယူရုံပဲကို....”

ထီမထင်သောမျက်နှာပေး လက်မှာဆင်မြန်းထားတဲ့စိန်လက်စွပ်ကို
သူမတို့မြင်သာအောင်လှည့်ပြနေသောအခါ ဒေါ်နန်းမဟာ စိတ်ထဲ
ထောင်းခနဲဖြစ်သွားရင်းမှ

“မင်းဘာစကားပြောတာလဲမင်းသူ
ငါဘယ်တုန်းကမင်းကိုဒီအိမ်ရဲ့ပိုင်ဆိုင်မှု
လွှဲပြောင်းပေးခဲ့ဖူးလို့လဲ??......"

“အွန်း မာမီဆေးရုံတက်နေတဲ့အချိန်
ကျွန်တော်ပထမဆုံးလက်မှတ်လာထိုးခိုင်းတာကို မာမီမေ့နေတာလား??....."

ဒေါ်နန်းမဟာ ပြန်တွေးကြည့်တဲ့အခါ
သူမခွဲစိတ်ပြီး နှစ်ရက်မြောက်နေ့မှာ
မင်းသူကစိန်ထည်တွေအစစ်ဖြစ်ကြောင်း
လက်မှတ်ထိုးခိုင်းလို့ ခါတိုင်းလိုပဲ သူမ
ထိုးပေးလိုက်တဲ့အပြင် နန်းကိုတိတ်တိတ်လေးယူလာခိုင်းထားသော တံဆိပ်တုံးနဲ့
သူမအာမခံကြောင်းရိုက်နှိပ်ပေးလိုက်၏။
ထိုအချိန် ခေါင်းတွေအရမ်းကိုက်နေတာပဲ
ဒေါ်နန်းမဟာ သတိရသည်။

“မင်းငါ့ကိုထိုးခိုင်းခဲ့တာ စိန်အစစ်ဖြစ်ကြောင်းလက်မှတ်လေမင်းသူ
ငါကဘာကြောင့်မင်းကိုအဲ့နေ့က
ဒီစာရွက်စာတမ်းကိုထိုးပေးလိုက်ရမှာလဲ??.....”

“အဟွန်း ခင်ဗျားကရယ်ရသားပဲ‌
ဒေါ်နန်းမဟာ ခင်ဗျားကိုကျုပ်က
စာရွက်စာတမ်းနှစ်ခုပေးလိုက်တာလေ
ခင်ဗျားဘာသာမကြည့်ပဲထိုးလိုက်တာတော့ ကျုပ်လဲတာဝန်မယူနိုင်ဘူး....."

အိမ်ရဲ့ပိုင်ဆိုင်မှုစာချုပ်ကိုမင်းသူ
ဘယ်အချိန် ဘယ်လိုယူသွားလဲဆိုတာ
ဒေါ်နန်းမဟာမသိပေ!! သူမအခန်းထဲ
သေချာစွာထည့်သိမ်းခဲ့တာမို့ ဒီကောင်
ဘယ်အချိန်ထဲကဒါကိုရှာထားမှန်းမသိ!!

“အဲ့အချိန် ငါခေါင်းမူးနေခဲ့လို့
ဘာမှသဲသဲကွဲကွဲမမြင်ခဲ့ရတာလေ
ဒါကိုနင်ကအခွင့်ကောင်းယူပြီးတော့
ငါ့ကိုဒုက္ခရောက်အောင်လုပ်တယ်ပေါ့လေ
ဟုတ်လား???....."

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now