👑ဘုရင့်မူပိုင်👑
Segment 👑10👑
“ရော့ အိတ်.....”
လက်ဂေ့ခ်ျကြီးချပေးရင်းမှ
ဘုံ့ကို သူ့အတွက်အဝတ်တွေထည့်ခိုင်းနေ၏။
ခရီးသွားမှာဆ်ုတော့သူကိုယ်တိုင်လိုအပ်တဲ့
ဟာတွေထည့်ရင် ပြီးမသွားဘူးလား???“အဆင်မပြေဘူးအစ်ကိုလေး...
ယောင်္ကျားလေးတစ်ယောက်
ခရီးသွားရင်ဘယ်လိုပုံစံမျိုးလိုအပ်လဲဆိုတာ
ဘုံမသိဘူး.....ဒါမို့ ကိုယ့်ဟာကိုယ်ပဲထည့်လိုက်ပါ.....”“ကြည့်ကြပ်ထည့်လိုက်ပါ မင်းအဆင်ပြေရာပေါ့....”
ပြောပြီးကုတင်ပေါ်လှဲကာ ခေါင်းအောက်လက်ထည့်၍ဘုံ့ကိုကြည့်နေတာမို့ ကြက်သီးထမိသည်။
ဒီလိုမျိုးကြီးမကြည့်လို့မရဘူးလား???ဗီဒိုဖွင့်ရင်းအဝတ်တွေရွေးနေပေမဲ့
စိတ်တို့ကတော့အစ်ကိုလေးဆီမှာသာ
ရောက်နေရင်းမှ ကျောမလုံ....။
မသိမသာလေးလှည့်ကြည့်လိုက်မိတော့
ထိုအတိုင်းမလှုပ်မယှက်ဘုံ့ကိုအကဲခတ်နေပြန်တယ်...။အမြန်ပြီးအောင်လုပ်ပြီးသွားရန်စဉ်းစားမိတာကြောင့်
မျက်စိထဲမြင်တဲ့အဝတ်တွေကိုထုတ်ကာ
စီစဉ်လိုက်တော့ အစ်ကိုလေးက ထုတ်ထားပြီးသား အဝတ်ခုနှစ်စုံကိုကြည့်ကာ နှုတ်ခမ်းတွန့်ရင်းမှ“ပြီးစလွယ်လုပ်ထားမှန်းသိသာလိုက်တာ....
ပြန်ထုတ် ဒါတွေငါသဘောမတွေ့ဘူး.....”“ပြောပါတယ် ဘုံ မလုပ်တတ်ပါဘူးဆို....”
“ထုံးစံအတိုင်းလုပ်နေတာကရော.....”
ဘုံ တံတွေးလေးမြိုချရင်းမှ
သူ့ကိုမသိမသာကြည့်ကာ
သက်ပြင်းချမိ၏။
ဘာဖြစ်လို့ဒီလောက်ကပ်တီးကပ်ဖဲ့နိုင်တာလဲမသိပေ..။ဘုံ ဒီတစ်ခါတော့တစ်ကြိမ်ထဲနဲ့ပြီးအောင်
သူကြိုက်လောက်မဲ့တီရှပ်တွေနဲ့အတူ
ဘောင်းဘီရှည်တွေပနံသင့်အောင်ထုတ်လိုက်သည်။
အရင်ဟာတွေကိုပြန်ထည့်ရင်းသူ့ကိုကြည့်ခိုင်းတော့
ခေါင်းညိမ့်တာကြောင့် လက်ဂေ့ခ်ျထဲထည့်ပေးလိုက်၏။“အဲ့တာဆိုဘုံ အောက်မှာကြီးမေလိုအပ်တာ
သွားလုပ်ပေးလိုက်အုံးမယ် နောက်ရက်တွေအတွက်....ပြီးတော့ အဝတ်လဲထည့်ရအုံးမယ်”
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romanceကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞