👑ဘုရင့်မူပိုင်👑
Segment 👑31👑
ကားကိုပုံမှန်ထက်မြန်လိုက်
လျှော့လိုက်နှင့် ကိုကိုကစိတ်နဲ့လူနဲ့
မကပ်ပေ!!!“ကိုကို အဆင်ပြေရဲ့လား??....”
ဘုံ ခါးပတ်ကြိုးလေးကိုသာတင်းနေအောင်ဆုပ်ကိုင်ရင်းမူမမှန်တဲ့
ကိုကို့လက်တစ်ဖက်ကို အုပ်ကိုင်လိုက်တော့လှည့်ကြည့်လာရင်းမှ
ရုန်းဖယ်သွားသည်။ဘာဖြစ်လာတာမှန်းလဲမသိသလို
ဘာမှလဲမေးလို့မရတာကြောင့်လူက
ပိုပြီးတော့ပူလောင်ရ၏။အသိမဲ့နေသူတစ်ယောက်လိုမျက်ဝန်းတွေ
အေးစက်နေတဲ့ကိုကိုက ဘုံ့ကိုတောင်
မျက်ဝန်းထဲရှိတော့တယ်လို့ကိုမထင်ပေ!!ဘုံ ဘာမှဆက်မပြောနိုင်လောက်အောင်အထိ ဝမ်းနည်းသွားမိတာမို့ လက်တွေကို
ရုန်းဖယ်ရင်းမှ နေရာမှာငြိမ်ငြိမ်လေး
နေကာ ကိုကို့အတွက်အထောက်အကူဖြစ်ပေးလိုက်သည်။
တစ်ခါတစ်လေ တိတ်ဆိတ်နေပေးခြင်းကလဲ စိတ်ရှုပ်နေသူတစ်ယောက်အတွက်
အထောက်အကူတစ်ခုဖြစ်တာပါပဲ!!ကိုကိုလဲသူ့မိသားစုနဲ့တစ်ခုခု
ဖြစ်လာလို့နေမှာပေါ့!!>>>>>
ကားပေါ်ကအရင်ဆင်းသွားတဲ့ကိုကိုက
ဘုံ့ဘက်ကတံခါးကိုတော့
ရအောင်လာဖွင့်ပေးခဲ့သေးသည်။ထွက်လာတဲ့အထိမစောင့်ပဲနဲ့ အိမ်ထဲကို
အရင်ဝင်သွားတာမို့ ဘုံ ဝေခွဲမရသော
စိတ်တို့နဲ့သာ ကိုယ့်ဘာသာတံခါးပိတ်ရင်း
အိမ်ထဲကိုဝင်လာခဲ့၏။“ကိုကို!!....’
လူမရှိတဲ့အတိုင်းတစ်အိမ်လုံးမှာ
ခြောက်ကပ်တိတ်ဆိတ်လို့!!!
ဘုံ ကိုကို့ကိုခပ်ဖွဖွခေါ်ကြည့်ပေမဲ့
ပြန်ထူးသံမကြားရ!!အောက်ထပ်မှာနားနေခန်းရှိသေးသည်မို့
ကိုကိုများရှိနေမလားသွားကာကြည့်လိုက်တော့ထင်တဲ့အတိုင်း တံခါးပိတ်ထားသည်။“ကိုကို အဆင်ပြေရဲ့လားဟင်....”
“ပြေပါတယ် သည်းငယ်!!....'
မဖြစ်မနေပြန်ဖြေပေးတာမို့ ရင်ထဲကအပူ
နည်းနည်းတော့လျော့ပါးသွား၏။
ဘုံ တံခါးကိုခပ်ဖွဖွခေါက်ရင်းမှ
နားလေးတိုးကပ်ထားကာ
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romanceကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞