👑👑30 Uni👑👑

5.2K 96 8
                                    

👑ဘုရင့်မူပိုင်👑

          Segment👑30👑

“မောနင်း!!....."

နားထင်ကိုခပ်ဖွဖွဖိနမ်းလိုက်တာကြောင့်
ဘုံ ကိုကို့ရင်ခွင်ထဲတိုးဝင်ကာ မျက်နှာလေး
မသိမသာကွယ်အပ်ထားမိသည်။

“သည်းငယ်လေးကလှတယ်ကွာ.....”

ပုခုံးဝန်းဝန်းလေးကိုခပ်ဖွဖွကိုက်ချလိုက်တာမို့ လူကအသည်းယားသွား၏။
ညကဆိုးချင်တိုင်းဆိုးပြီးရင်လဲ
လူကိုအေးဆေးပေးနေပေါ့!!

လည်ပင်းတွေတောင်အခုထိစပ်ဖျဉ်းဖျဉ်း
ဖြစ်နေသေးသည်။
ကိုကိုကတော့ ပုခုံးတွေကနေတစ်ဆင့်
လည်တိုင်တွေထဲမျက်နှာရောက်လာကာ
လက်တွေကပါ ရွေ့လျားလာတာမို့ ဘုံ
စောင်စကိုဆွဲယူကာ ထထိုင်လိုက်တော့
မျက်ခုံးကျုံ့ရင်းဘုံ့ကိုကြည့်လာ၏။

“ကျစ် သည်းငယ်ကလဲ တွန့်တိုနေတာ....."

“ကိုကိုလွန်တယ် အခုမနက်ရောက်ပြီလေ
ပြီးတော့ကျောင်းလဲသွားရမယ် ထတော့!!.....”

“ဟာကွာ မထချင်သေးဘူး လာပါ
ကိုကို့အနားကို!!...."

“နှာဘူးကြီး အဲ့တာပဲတွေးနေ!!.....”

လက်မောင်းကိုဖျန်းခနဲရိုက်ရင်းမှ
ဘုံ ကုတင်ပေါ်ကဆင်းကာ
စောင်စကြီးအုပ်လျက် ထမိန်ပြန်ဝတ်၍
ရေချိုးခန်းထဲဝင်သွားလိုက်သည်။

ကျောင်းပျက်တာတွေများသည်မို့
ဘုံ အပျော်မလိုက်ချင်တော့ပေ!!
ကိုကိုကတော့ကုတင်ပေါ်ပြန်လှဲနေတာမို့
ပြောမနေပဲ ရေချိုးခန်းထဲဝင်ကာ
ရေမြန်မြန်ချိုးလိုက်၏။

ခေါင်းပါလျှော်ချရင်း မြန်မြန်ထွက်ကာ
ကိုကို့ကိုနှိုးမယ်ပြင်တော့ မရှိတော့ပေ!!
ဘယ်ရောက်သွားလဲတွေးဆရင်းကြည့်တော့
မရှိတော့တာသေချာနေသည်။

ဘုံ အဝတ်လဲဝတ်ရင်းအောက်ကို
ဆင်းလာကြည့်တော့ ကိုကိုက
အောက်ပိုင်းတဘတ်တစ်ထည်ထဲနဲ့
မနက်စာလုပ်နေတာဖြစ်၏။

ဘုံ ကိုကို့ကိုနောက်ကနေကြည့်ရုံနဲ့
ရင်ခုန်လာမိသည်။
ကြီးမားကျယ်ပြန့်တဲ့ကျောပြင်ကျယ်ကြီးက
ဖြူနုနေသလို ဘုံ့လက်ချက်ကြောင့်
ရဲရဲနီနေခဲ့တဲ့လက်သည်းရာတွေက
ကိုကို့ကျောပြင်ကိုပန်းချီခြယ်ထားသလိုပါပဲ!!

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now