👑ဘုရင့်မူပိုင်👑
Segment 👑34👑
“ကိုကိုကအဲ့ဒါကြောင့်စာကိုပဲအာရုံ
စိုက်ခဲ့တာပေါ့ သူပြောခဲ့တဲ့အကြောင်းကို
မေ့သွားအောင်လို့လေ.....”“အင်း အဲ့တာလဲပါတယ် နောက်ပြီး
ကိုယ့်ကိုအရေးမပါတဲ့လူတစ်ယောက်
ဘာမှသုံးစားတဲ့လူတစ်ယောက်လို
သူတို့သဘောထားခဲ့လို့ ကိုကိုကအခုပြန်
ကြိုးစားပြီး သူတို့ထက်သာအောင်
လုပ်ပြချင်တာ....ကိုကိုအခုဘွဲ့လဲရပြီမို့
ရည်မှန်းချက်တစ်ဝက်လောက်ပြည့်သွားပြီလေ.....”တကယ်ပဲပြည့်ဝသွားတဲ့ကိုကို့ရဲ့ဆန္ဒများ!!
“ဘုံ့ကိုဘာလို့အရင်ထဲကမပြောပြခဲ့တာလဲ ကိုကိုတစ်ယောက်ထဲကြိတ်ခံပြီး
စိတ်ဆင်းရဲအောင်နေခဲ့တာ ဘုံ့ကိုပိုပြီး
အပြစ်ရှိသလိုခံစားရစေတယ် ကိုကိုဘာလို့ဒီလိုလုပ်ခဲ့တာလဲ....”“သည်းငယ်ကိုပါမခံစားရစေချင်လို့လေ
အခုမှသိတော့လဲသည်းငယ်အတွက်
နည်းနည်းတော့တော်သွားသေးတယ်မလား....."မျက်နှာလေးကိုပွတ်သပ်လာတဲ့
ကိုကို့လက်တွေကိုဖယ်ချရင်းမှ“ဒါပေမဲ့ ဘုံ့ကိုမပြောပဲထားတာက
ပိုပြီးခံရခက်တယ်ကိုကိုရဲ့ ဒီအတောတွင်း
ဘုံ့မှာအဲ့ကိစ္စနဲ့ပတ်သတ်ပြီး တော်တော်
သောကရောက်ခဲ့ရတာ ကိုကိုသိရဲ့လား??.…..”“ကိုကိုတောင်းပန်ပါတယ်.....”
“မတောင်းပန်နဲ့ နောက်အဲ့လိုမလုပ်ဘူး
ဆိုတဲ့ကတိကိုသာ ဘုံ့ကိုပေး....”“အင်း ပေးတယ် နောက်ဆိုသည်းငယ်ကို
မပြောပဲထိန်ချန်ထားတဲ့ကိစ္စမရှိအောင်
ကိုကိုကြိုးစားမှာပါ......ဘာလို့လဲဆို
ကိုကို့မှာမိသားစုဝင်ဆိုလို့ သည်းငယ်
တစ်ယောက်ပဲရှိတော့တာမို့လေ......”ကိုယ်လုံးလေးကိုအနားကိုဆွဲလိုက်တာမို့
ဘုံအလိုက်သင့်လေးပါသွားတော့ ကိုကိုကဦးခေါင်းလေးကိုရင်ခွင်ထဲဆွဲကပ်ကာ
ဆံနွယ်တွေထဲခဏခဏနမ်းရှိုက်သည်။“ကိုယ်ချစ်ရတဲ့မိန်းကလေးကို နောက်ဆို
ဘယ်တော့မှဉပေက္ခာမပြုထားတော့ဘူး...”
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Roman d'amourကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞