👑👑22 Uni👑👑

2.6K 40 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑22👑

ကားလေးကတဝူးဝူး‌မောင်းနှင်လာရင်း
အိမ်နဲ့ဆန့်ကျင်ဘက်ဖြစ်သောလမ်းကို
မောင်းနေတာမို့ ဘုံ နည်းနည်းလေးတော့
ကြောင်သွားမိ၏။

“ဆင်း သည်းငယ်...."

ကိုကိုက ဆိုင်တစ်ဆိုင်ရှေ့ကားရပ်လိုက်သလို
ဘုံ့ဘက်ကတံခါးကိုလာဖွင့်ပေးလေသည်။


♔︎♕︎𝑅𝑂𝑌𝐴𝐿 𝑀𝐴𝐻𝐴𝑅♕︎♔︎


ဆိုင်ရဲ့ဆိုင်းဘုတ်ကိုဖတ်မိရင်းမှ
ဘုံ အထဲကိုကြည့်လိုက်တဲ့အခါ ကောင်တာမှာ
ထိုင်နေသော မမနန်းကိုအပြင်ဘက်မှန်ကနေ
တိုးလျိုးပေါက်မြင်နေရ၏။
ဒါ ဒါ မမနန်းတို့ဆိုင်လား??

“ဘာကြောက်စရာရှိလဲ....ကိုယ်ပြောတာတွေ
နားထဲပြန်ကြားယောင်ထား...."

လက်ကိုတင်းတင်းလာဆုပ်ကိုင်ရင်းအထဲကို
ခေါ်လာတာမို့ အဲကွန်းရဲ့အအေးဓာတ်က
အသည်းထဲထိစိမ့်ခနဲဖြစ်သွားသလို.....။

“မင်္ဂလာပါရှင်...."

ဝန်ထမ်းမလေးရဲ့အပြောကြောင့်စာရင်းကြည့်နေတဲ့
နန်းမျက်ဝန်းတွေမော့တက်လာကာ
မြင်လိုက်ရသောဘုရင့်မျက်နှာကြောင့်စူးရဲသွားသည်။

“ဘာလာလုပ်တာလဲ...."

“အဟင်း ဒီလိုပါပဲလမ်းကြုံလို့...."

“အဟားဟား ပိုက်ဆံလိုလို့ရောက်လာရင်
ဒဲ့ပြောပေါ့...အရှက်ပြေတွေ‌ရွှီးမနေနဲ့.....”

“အင်းပါအဲ့လိုဆိုတော့လဲအဲ့လိုပေါ့....
ဒါနဲ့မနန်းတော်ဝင်ကိုမိတ်ဆက်ပေးရအုံးမယ်....
မှတ်ထားနော် သူ့နာမည်ကပန်းနိဗ္ဗာန်ဘုံ...
ကျွန်တော့ဇနီးပေါ့...အွန်း ပြီးတော့နောက်ဆို
ဒီဆိုင်ရဲ့အမြဲတမ်းဖောက်သည်လဲဖြစ်လာလိမ့်မယ်..."

“ဘာ!...."

နောက်ရွှန်းရွှန်းပုံနဲ့ပြောလိုက်တော့
နန်းက ဟန်မဆောင်နိုင်စွာ မျက်နှာပျက်ယွင်းရင်း
အော်လိုက်မိတဲ့အထိ...>

ဝန်ထမ်းမလေးတွေလန့်ကုန်တာမို့ မျက်နှာပြန်ထိန်းကာ ဘုရင့်ကိုမော့ကြည့်လိုက်တော့
လက်ညှိုးနဲ့လက်ခလယ်ကြားညှပ်ထားတဲ့
အဖြူရောင် ကဒ်ပါးလေးတစ်ခုကိုသူမရှေ့
ချပေးကာ

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now