👑👑12 Uni👑👑

3.2K 49 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑12👑

အကုန်လုံးအံ့ဩနေတဲ့အခြေအနေမှာ
ဘုံတစ်ယောက်တောင့်တောင့်လေးနဲ့
တုန့်ပြန်မှုကင်းမဲ့နေရသည်။
ဘုံ ဘုံကသူနဲ့လက်ထပ်မဲ့သူတဲ့!!!

“ဘုရင် .....”.

မာမီ့ထံမှအော်သံကအခြေအနေကို
လက်မခံနိုင်မှန်းသိပေမဲ့ ဘုရင်ကတော့
သူမလက်ကလေးကိုကိုင်ဆွဲကာ
အိမ်ထဲကိုတန်းတန်းမတ်မတ်လျှောက်လာခဲ့လေ၏။

“အစ်ကိုလေး ဘာတွေလုပ်နေတာလဲ.....”

သူမကလက်ကိုရုန်းနေတာမို့
ဘုရင် သူမနာမှန်းသိပေမဲ့ အတင်းဆုပ်ကိုင်ကာ
အဖိုးဖြစ်သူရဲ့အခန်းဟုထင်ရသောအခန်းထဲကို
ဝင်လာခဲ့လိုက်လေသည်။

“အဖိုးလေး.....”

မတွေ့တာကြာပြီပေမဲ့လဲ
ရေးရေးလေးမှတ်မိနေတဲ့အခြေအနေနဲ့
ပြန်နှိုင်းယှဉ်ကြည့်တဲ့အခါ အဖိုးလေးက
သိသိသာသာ ပိန်ကျသွားတာကို
သူမြင်ရ၏။

မှေးတစ်ဝက်ပျော်တစ်ဝက်ဖြစ်နေတဲ့ဦးပြုံးနိုင်
ခေါ်သံသဲ့သဲ့ကြောင့်မျက်ဝန်းတွေပွင့်လာတဲ့အခါ
မြင်လိုက်ရတဲ့လူကြောင့် အံ့ဩမှင်သက်သွားမိသည်။

“ဘုရင် ဘုရင်မဟုတ်လား....ငါ့မြေးလေး.....”

တစ်ခါတစ်ရံ ဗီဒီယိုကောလ် ပြောတာလောက်ကလွဲရင်မြေးဖြစ်သူနဲ့ အပြင်မှာတွေ့ရတယ်ဆိုတာ
မရှိပေ....။
ယခုလိုမျက်ဝါးထင်ထင်မြင်လိုက်ရတော့
အံ့လဲဩသလို စိတ်ထဲလဲပျော်မိလေ၏။

“ဟုတ်ပါတယ် အဖိုး နေလို့ကောင်းရဲ့လား
အခုဘယ်လိုနေလဲ.....”

“အေကွယ် သက်သာပါတယ်....အဖိုးက
အသက်ကြီးတော့ဒီလိုပဲ ချူချူချောင်ချောင်
မရှိတော့တာပေါ့....သိပ်ပြီးကြီးကြီးမားမားရယ်လို့
မဖြစ်ပါဘူး....”

“ဟုတ်ကဲ့ ကျွန်တော်လဲအခုမှလာဖြစ်တာ
တောင်းပန်ပါတယ်.....အဖိုးနေမကောင်းတဲ့အချိန်မှ
မျက်နှာလာပြသလိုဖြစ်နေပြီ.....”

“ရပါတယ်ငါ့မြေးရယ်....အဖိုးဆီမှာ
ဒီဆွေမျိုးတွေပဲရှိတာ မသေခင်
ငါ့မြေးမျက်နှာလေးမြင်ခွင့်ရတာနဲ့ကို
တော်တော်လေးကျေနပ်နေမိပြီ.....”

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now