👑👑38 Uni👑👑

5.1K 140 7
                                    

👑ဘုရင့်မူပိုင်👑

          Segment 👑38👑

“မနေ့ကဝယ်သွားတဲ့စိန်ထည်တွေက
အတုတွေဆိုပြီးတိုင်ချက်ဖွင့်ထားလို့
အိမ်ကိုရဲတွေရောက်နေပါတယ် မမလေး...."

စပီကာဖွင့်ထားတာမို့ကြားလိုက်ရတဲ့စကားကိုအကုန်လုံးလှုပ်လှုပ်ရှားရှား
ဖြစ်ကုန်ရင်း
ဘုရင် မင်းသူကိုအကြည့်ရောက်တော့
သူ့က်ုထိုတိုင်းပဲစိုက်ကြည့်နေလေသည်။

တုန်လှုပ်မသွားတဲ့ပုံက တစ်ခုခုကို
ကြိုသိနေသလိုမို့ မာမီချော်လဲတဲ့ကိစ္စနဲ့
ရဲတွေရောက်လာတဲ့ကိစ္စကိုသူ့စိတ်ထဲ
ဝေခွဲမရဖြစ်မိ၏။

ဒီကောင်တစ်ခုခုကြံစည်နေတာ
သေချာပါတယ်!!!

“နင်တို့လင်မယားဆေးရုံမှာနေခဲ့
ငါနဲ့တော်ဝင်ကလောလောဆယ်
အိမ်ပြန်လိုက်မယ်....."

နန်း ပြန်ဖြေမှုကင်းမဲ့နေတော့
ဘုရင်ကတော်ဝင့်ကိုခေါင်းညိမ့်ပြရင်း
ကားသော့ကိုင်ကာ ကားဆီခပ်သွက်သွက်
လျှောက်သွားလိုက်သည်။

တော်ဝင်လဲတက်ရင်းမှနှစ်ယောက်သား
စံအိမ်ကိုခပ်သွက်သွက်မောင်းနှင်လာခဲ့ကြ၏။

.....

“ဘုရင် သား လုပ်ပါဦးကွယ်....."

တစ်ကိုယ်လုံးတုန်ရီနေတဲ့ဒေါ်မေက
သူ့ကိုအားကိုးတကြီးခေါ်ကာအနားကို
ပြေးလာလေသည်။
ဘုရင် အရှေ့ကိုကြည့်လိုက်တော့
ရန်ဘက်ကင်းဖြစ်နေလေ၏။

သူဆိုရင်စကားပြောရဆိုရလွယ်တာမို့
ဘုရင် ဒေါ်မေ့ကို‌အိမ်စောင့်ခိုင်းထားရင်းမှ
တော်ဝင်နဲ့နှစ်ယောက်သားစခန်းကိုပဲ
လိုက်သွားရန်ဦးတည်လိုက်သည်။

သူ့မှာလဲဘာကံရှိလို့စခန်းနဲ့ပဲ
နှစ်ပါးသွားနေရပါလိမ့်!!!

____________

ဘုရင်တို့ရောက်တော့ တရားလိုနှစ်ဉီးက
ရောက်နှင့်နေလေသည်။
လှည့်ကြည့်လာတဲ့မျက်နှာတစ်ခုကို
မြင်ဖူးနေသလိုမို့ကြောင်ပြီးကြည့်နေတဲ့
အခါမှာ သူ့ကိုဆတ်ခနဲအကြည့်လွှဲရင်း
ရန်လိုတဲ့ပုံနဲ့အရှေ့ပြန်လှည့်သွား၏။

ဘုရင် တော်ဝင်နဲ့အတူ ဘေးမှာထိုင်တော့ အရာရှိကရှေ့မှာဝင်ထိုင်ကာ
ဘောက်ချာနဲ့အတူ စိန်ထည်ထည့်ထားတဲ့
ကတ္တီပါဖာလေးကို သူ့ရှေ့တိုးပေးရင်းမှ

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now