👑ဘုရင့်မူပိုင်👑
Segment 👑13👑
“အစ်ကိုလေးဒီလိုလုပ်လို့မရဘူး.....”
“ဘာလဲ မင်းကမာမီ့အပြောတွေကို
ဒီတိုင်းခေါင်းညိမ့်ခံမလို့လား ဟုတ်လား.....”“ပြောလဲပြောပါစေပေါ့....သူ့ဘက်က
မှန်နေလို့ပြောတာပဲဟာ.....”“ဒါပေမဲ့ ငါချစ်တဲ့သူကိုဒီလိုပြောတာ
ဘယ်လိုခံစားရမလဲ မင်းနားမလည်ဘူးလား.....”သူ့စကားကြောင့်ညိမ်သွားမိတဲ့ ဘုံ
ရင်ထဲနင့်နင့်သဲသဲခံစားလိုက်ရ၏။
သူ့မျက်ဝန်းတွေထဲမှာဘုံ့ကိုချစ်တဲ့
အရိပ်အယောင်တွေခံစားလို့ရနေပါရက်နဲ့
ဘုံ လက်မခံနိုင်သေးဘူး!!
သူကဘုံနဲ့မှဒီလိုထူးခြားတယ်ဆိုတာ
ဖြစ်နိုင်ပါ့မလား???
ပြီးတော့ ဘုံ့ကိုတကယ်ချစ်တယ်ဆိုတာကရော??“ဘယ်လိုပဲဖြစ်ဖြစ် သခင်မက
သူ့သားကိုသူများ ယူသွားမှာမလိုချင်တာ
ဘုံနားလည်တယ်...ဒါပေမဲ့ဘာလို့ဒီလို
တဇွတ်ထိုးဆန်ဆန်လုပ်ရတာလဲ.....
ကိုယ့်ကိုဝမ်းနဲ့လွယ်မွေးခဲ့တဲ့အမေကို
အစ်ကိုလေးကြမ်းကြမ်းတမ်းတမ်းပြောနိုင်တာ
ဘုံနားမလည်နိုင်တော့ဘူး.....”ဟော!!! ဒီလောက်ရှင်းပြနေပါရက်နဲ့နောက်ဆုံးတော့
သူပဲလူဆိုးကြီးဖြစ်သွားတာပေါ့!!!
သူ့အတွက်ကာကွယ်ပေးမှန်းမသိ....
ဘာမှန်းမသိတဲ့....ငတုံးမလေးကိုခေါင်းသာ
ခေါက်ပြစ်ချင်၏။ဘာမှပြောမနေပဲနဲ့ ဘုရင့်အဝတ်အိတ်ရော
သူမအိတ်ကိုပါယူကာ...သူတို့အိမ်ထဲကထွက်လာခဲ့သည်။
ထိုအခါ သူ့ရဲ့အဒေါ်ဖြစ်သူ ဒေါ်ချိုပြုံးက
အနားကိုပြေးလာရင်းမှမျက်ရည်လည်လျက်“ဘာလို့ပြန်တာလဲဘုရင်ရယ်....ရောက်တုန်းရောက်ခိုက်နေပါအုံးလား....ဘာလဲ နန်းနဲ့စကားများလို့လား
တီလေးပြောပေးမယ်လေ....ဒီလိုတော့မပြန်ပါနဲ့တော့
အဖိုးကိုလဲငဲ့ပါအုံး.....”“ကျွန်တော်တောင်းပန်ပါတယ်တီလေး
မင်္ဂလာပွဲလုပ်ပြီးရင်ကျွန်တော်တို့သီးသန့်
ပြန်လာခဲ့ပါ့မယ်....ကျွန်တော်ဖိတ်စာလှမ်းပို့လိုက်မယ်နော်.....”“အယ် အေးပါကွယ် သားစိတ်မပျော်ရင်လဲ
တီလေးအတင်းမနေခိုင်းတော့ဘူး...
ဒါပေမဲ့ကတိအတိုင်းလာရမယ်နော်....ဒေါ်လေးက
ကတိပျက်ရင်မကြိုက်ဘူး.....'
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romansaကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞