👑ဘုရင့်မူပိုင်👑
Segment 👑2👑
ဘာကိုကျေးဇူးတင်လို့တင်မှန်းမသိပဲ
ဘုံ ခေါင်းလေးတစ်ချက်ကုတ်ရင်း လူနှစ်ယောက်
ပိုနေပြီဖြစ်တဲ့မီးဖိုခန်းထဲကိုမဝံ့မရဲလေးဝင်လာခဲ့သည်။
ကြီးမေက ဟင်းတွေကိုမယ်မယ်ရရပြင်ဆင်ပေးနေသလို ပီကေတဖောက်ဖောက်ဝါးနေတဲ့
ကိုလူချောကလဲ ဘုံ့ ကိုသာခပ်လျောလျောမှီထိုင်ရင်း လှမ်းကြည့်နေတာမို့ ရင်တွေဖိုရပါ၏။
ဒီလူကဘယ်လိုကြီးလဲ ကိုယ်နဲ့လဲမသိပဲနဲ့
လူကိုစိုက်ကြည့်နေတာက ပိုင်စိုးပိုင်နင်း.....အခွေလိပ်ကြီးတွေဖြစ်နေတဲ့
ဆံပင်ထူထူတွေကနက်မှောင်နေ၏။
သို့ပေမဲ့ အကြည့်မပျက်တဲ့ထိုလူကြောင့်
ပူအိုက်လာသလို အရှေ့ရောက်ချင်နေတဲ့
ကေသာတွေကို အနောက်ကိုမသိမသာ
ပို့ချလိုက်သည်။
ဖျက်ခနဲအေးမြသွားတဲ့လေလေးကြောင့်
ဂုတ်တွေအေးသွားပေမဲ့ ရင်ထဲကတော့
အေးမသွားခဲ့ပါဘဲ!!!နီညိုရောင်ချည်အင်္ကျီခါးတိုလေးကို
ထမိန် နီညိုရောင်နဲ့တွဲဝတ်ထားတာမို့
ဝါဝင်းနေတဲ့အသားအရေတွေ
ထင်းရင်းနေသလို ညက
မြင်လိုက်မိတဲ့မီးတိုင်အောက်ကမိန်းကလေးမှန်း
မျက်မှန်းတန်းမိတာနဲ့ဘာရယ်မသိ
စိတ်ထဲကြည်နူးမိ၏။
သူမကတော,ကတက်လာတယ်ဆိုတော့
ဘာအတွက်လာတယ်မတွေးမိပေမဲ့
သူတို့အိမ်မှာ
ဝေယျာဝစ္စလာလုပ်တယ်ဆိုတာ သူအခုတော့
နားလည်လိုက်ပြီ....။စက္ကန့်မခြားစိုက်ကြည့်နေမိတဲ့
မျက်ဝန်းတွေကမဝံ့မရဲဟန်မရှိပေမဲ့ ထမင်းစားခန်းထဲကို
လှမ်းဝင်လာတဲ့ မမတို့လင်မယားနဲ့အတူ
တော်ဝင်ကပါရောက်လာတာကြောင့်
သူ့အကြည့်တွေ ပါဝါပိတ်သွားရသည်။
မဟုတ်ရင် မမကတစ်မျိုးတွေထင်ပြီး
လိုရာတွေဆွဲတွေးနေအုံးမယ်!!?တကယ်တော့လှလို့ကြည့်တာဝန်ခံပေမဲ့
မြင်မြင်ချင်းကြွေဆင်းမြေခင်းသွားလို့တော့
မဟုတ်ပါ.....။
ပီကေကအချိုကုန်သွားပေမဲ့လဲ
ထောင့်လေးမှာတောင့်တောင့်လေးရပ်ကာ သူတို့စားနေတဲ့ဝိုင်းကို
မဝံ့မရဲကြည့်နေတဲ့သူမကြောင့်
အချိုဓာတ်တွေတိုးနေသည်ထင်၏။
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romansကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞