👑👑9 Uni 👑👑

3.2K 44 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑9👑

“အဟွတ်....”

ဖျားတောင့်ဖျားခဲဖြစ်တဲ့သူကအိမ်ထဲဝင်ဝင်ချင်း
ချောင်းဟန့်လိုက်မိတာကြောင့် စိန်ထည်ကြည့်နေတဲ့
ဒေါ်နန်းမဟာ မျက်မှန်ကိုဆွဲချွတ်လိုက်ရင်းမှ
စိုးရိမ်မှုစွတ်တဲ့မျက်ဝန်းတွေနဲ့ကြည့်လာ၏။

“ဘာဖြစ်ဝာာလဲ အအေးမိတာလား.....”

“မသိပါဘူး....”

ကိုယ့်ကိုကိုယ်လဲဘာဖြစ်မှန်းကိုမသိ....။
မနက်ကခေါင်းကိုက်တယ် အခုချောင်းဆိုးတယ်...
နေရင်းထိုင်ရင်းဖျားနေတာက သူ့ကိုတောင်
ကြောင်စေသည်။
ဘုရင်မျိုးနွယ်ဆိုတာ ဒီလိုပျော့ဖတ်ဖတ်မှ
မဟုတ်ပဲ.....

“မသိလို့မရဘူး မာမီ့နားလာထိုင်.....”

“နေပါစေ မာမီရာ...
ကျွန်တော်ဘာမှမဖြစ်ဘူး.....”

အပေါ်ကိုတက်သွားတဲ့ဘုရင်ကြောင့်
ဒေါ်နန်းမဟာသက်ပြင်းချရင်းမှ
အဆုံးထိလိုက်ကြည့်မိ၏။
ဒီကောင်လေးပြောရဆိုရ
လက်ပေါက်ကပ်တာတအား!!

ဘုံနဲ့တတွဲတွဲလုပ်တတ်တာမို့ အခုပဲ
အိမ်ထဲဝင်လာတဲ့ကောင်မလေးကိုသတိရကာ
သူမခုံကနေထလာခဲ့သည်။

“သမီး ဘုံ ခဏလေးကွယ်.....”

သူမခေါ်လိုက်တော့အနားကိုယဉ်စစလေးနဲ့
ရောက်လာလေ၏။
မှန်ဗီဒိုထဲကထုတ်လိုက်တဲ့အကြည်ရောင်
အိတ်လေးကိုဘုံ့လက်ထဲထည့်ပေးရင်းမှ

“သမီးအစ်ကိုကို အဖျားသွားတိုင်းကြည့်ပါအုံး
အန်တီပြောတာလက်မခံလို့.....”

“ရှင်.....”

အခုပဲသူနဲ့ရန်ဖြစ်ပြီးလာတာကို
အဖျားသွားတိုင်းပေးအုံးဆိုတော့
ဘုံ နည်းနည်းတော့အို့တို့အန်းတန်းဖြစ်ကာ
စိတ်ထဲလဲကြောက်မိသည်။
စိတ်မထိန်းနိုင်လို့ပြောမိတယ်ဆိုပေမဲ့
ဘုံ ကြောက်တယ်!!!

“မြန်မြန်လေးသွားပါ ဖျားနေရင်လဲ
ဆေး‌တိုက်ရအောင်လို့....”

သူမအလောတကြီးပြောကာမှ
အဖျားတိုင်းတဲ့အိတ်ကလေးယူကာ
အပေါ်ကိုတက်သွားလေ၏။
ဒေါ်နန်းမဟာ သားဖြစ်သူရဲ့မျက်နှာရိပ်ကိုကြည့်ကာ
စိုးရိမ်မိသည်။
ဘယ်လောက်ပဲပြောဆိုဆူပူအုန်းတော့
ငယ်ငယ်လေးထဲကထိန်းကျောင်းလာတာမို့
သူမဉပေက္ခာမပြုရက်ပါ။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now