👑ဘုရင့်မူပိုင်👑
Segment 👑6👑
ဘုံ ရင်တွေတုန်လာရင်းမှ ဖိထားမိတဲ့
သူ့ကိုယ်ပေါ်ကနေထကာ မသိမသာခိုးကြည့်မိတော့
ဘုံ့ကို စူးရှရှကြီးကြည့်နေသည်။
လက်သည်းလေးတွေဆိပ်ရင်းမှ တစ်ကိုယ်လုံးလဲ
ပူထူနရေ၏။
သူ စိတ်များဆိုးသွားတာလား???“ဟို ဘုံကဒီတိုင်းနှိုးတာနော် အစ်ကိုလေးဘာသာ
စောင်ကိုဆွဲလို့ဖြစ်သွားတာ.....”ပြောပြီးရေချိုးခန်းထဲဝင်သွားတဲ့သူမကိုကြည့်ရင်း
ဘုရင် ပြုံးမိရသည်။
ဘယ်သူမှလဲမမေးပဲ ရှက်ယမ်းယမ်းပြီး
တစ်ယောက်ထဲဖြေနေတာကိုး.....။ဘုံ ရေကိုဖွင့်ရင်းမှ ဟိုတစ်နေ့က
သူသင်ပြသလို အသဲပုံလေးတွေရောထားတဲ့
သဲလိုလိုဘာလိုလိုပုံတူသောဆပ်ပြာမှုန့်ကို
ဇွန်းနဲ့တစ်ဇွန်းထည့်ကာ ရေဆူလုံးလေးကို
ဖောက်ထည့်လိုက်၏။
တရှဲရှဲနဲ့ရေထဲမှာပျော်သွားတာကိုသဘောကျသလိုကြည့်ရင်းမှ နှင်းဆီပွင့်ဖတ်လေးတွေကိုထည့်ကာ
လက်နဲ့မွှေလိုက်တော့ အမြှုပ်တွေထလာသည်။“အစ်ကိုလေး ရ....”
ဘုံ ပြောရင်းလှည့်လိုက်တဲ့အခါအနောက်မှာ
နီးနီးလေးရပ်နေတဲ့အစ်ကိုလေးကြောင့်
ရင်အုပ်ကျယ်နဲ့နှဖူးပြင်ထိတိုက်မိသွားရ၏။“အင်း တော်တယ်.....”
ပြောပြီးအရှေ့ကိုပိုမိုတိုးလာတာကြောင့်
နှဖူးလေးကိုဖိကိုင်ရင်းမှ ဘုံအနောက်ကို
တဖြည်းဖြည်းဆုတ်မိရသည်။“အစ် အစ်ကိုလေး ဘုံပြုတ်ကျတော့မယ်....”
တုန်ရီနေတဲ့အသံနှင့်ပြောလာသောသူမကြောင့်
ဘုရင် အူယားတာကိုထိန်းရင်းမှ မျက်နှာတည်ကာ
အရှေ့ကိုပိုမိုတိုးကပ်လိုက်၏။
ခါးနောက်ကိုင်းထားတဲ့ဘုံလဲ သူသာနောက်ထပ်တစ်လှမ်းထပ်တိုးလိုက်ရင် ကြွေဇလုံထဲကို
အသေအချာပြုတ်ကျမှာ.....။တကယ်ကိုတစ်လှမ်းထပ်တိုးလာတာကြောင့်
ကြောက်အားလန့်အားနဲ့သူ့အင်္ကျီရင်ဘတ်စကို
ဆွဲဆုပ်လိုက်မိတော့ သူကငုံ့ကြည့်ရင်းမှ“ဖြုတ်....”
အခုမှကြယ်သီးဖြုတ်ခိုင်းတာမှန်းသိကာ
ဘုံ လက်နဲ့အားပြုထားရင်း သူ့ကြယ်သီးကို
ခဲရာခဲစစ်ဖြုတ်လိုက်ရသည်။
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Roman d'amourကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞