👑👑18 Uni👑👑

3.3K 50 0
                                    

👑ဘုရင့်မူပိုင်👑

           Segment 👑 18👑

“ဘုရင် ဘယ်သူပါလာလဲကြည့်......”

ဘုရင် နံရံကိုအလှဆင်နေရင်းနဲ့
လှည့်ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတဲ့
လွင်ထူးကြောင့်နည်းနည်းတော့
လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

“မင်း‌တို့အတင်း ခေါ်လာတာလား.....”

“ငါ့ဘာသာလာတာ....."

ပြောပြီး လွင်ထူးကခပ်တည်တည်ပင်
ဝင်ထိုင်တာမို့ ဘုရင်နည်းနည်းတော့
ပြုံးမိသည်။
ဒီကောင်သူငယ်ချင်းသံယောဇဉ်ထောက်တယ်ဆိုတာ
သူသိတာပေါ့!!!

“ကျေးဇူးပဲသားကြီး...ဘာပဲဖြစ်ဖြစ်
ဖြစ်ခဲ့တာတွေမှာ ငါ့အမှားလဲမကင်းတာမို့
မင်းကိုတောင်းပန်ချင်တယ်.....”

“ရပါတယ် မင်းကျေးဇူးနဲ့ငါနဲ့မြတ်လွန်း
အိုကေသွားပြီ.....”

ပဋိပက္ခတွေမရှိခဲ့သလိုဘုရင်ပြုံးရီရင်း
အုပ်ခန့် ရန်နိုင်နဲ့ လွင်ထူးတို့အတူပေါင်းကာ
သူငယ်ချင်းဖြစ်သူဘုရင့်အတွက် အလှဆင်ပေးကြ၏။
ဒီအိမ်ကသူတို့လေးယောက် ပိုက်ဆံစုပြီး
ဝယ်ထားတဲ့ စုပေါင်းအိမ်လေး!!

အကုန်လုံးကအိမ်မကပ်တာမို့ ညဉ့်နက်တဲ့နေ့တွေဆို
ဒီမှာလာနှပ်နေကြ.....။
အိမ်ကကျယ်သလို တစ်ထပ်တိုက်မို့သူတို့
အေးဆေးအပန်းဖြေလို့ရသလို ခြံဝန်းကျယ်တာကြောင့်သူလိုချင်တဲ့ရိုးရှင်းရှင်းမင်္ဂလာပွဲကိုရလေသည်။

သူများကိုခေါ်ပြီးညွှန်ကြားလုပ်ခိုင်းရတာထက်
သူကိုယ်တိုင်လက်နဲ့တန်ဆာဆင်ရတာကို
ပိုသဘောကျ၏။
ဒါမှသူတို့ကြီးလာတဲ့အခါ ကောင်းမွန်တဲ့
အမှတ်တရတစ်ချို့ကို မျက်ဝါးထင်ထင်
ပြန်မှတ်မိနေနိုင်မှာ....။

B & B စုံတွဲမို့ နံရံမှာထင်းနေတဲ့
စာလုံးကြီးတွေက သူ့အသည်းစိုင်ကို
လှုပ်ရှားစေသည်။
နောက် ငါးရက်နေရင်သူမကိုတရားဝင်
ပိုင်ဆိုင်ရပြီ....။

......

လိုအပ်သမျှကိုဖုန်းတစ်ချက်
ကောလ်လိုက်ရုံနဲ့
လိုလေသေးမရှိလာပို့ပေးတာကြောင့်
ဘုံ ကြာတော့ခိုင်းရမှာတောင်အားနာသည်။
သူကတော့အားမနာနဲ့ဆိုကာ လာတဲ့အခေါက်တိုင်း
ဘုံ့ပါးပြင်ကိုအနမ်းအလစ်သုတ်သုတ်သွား၏။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now