👑👑26 Uni👑👑

1.9K 23 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑26👑

“ကိုကိုကဘုံပြောတာဆိုဘယ်တော့မှ
အရေးမလုပ်ဘူး အဲ့လိုစိတ်လိုက်မာန်ပါ
လုပ်တာကိုဘုံမကြိုက်တာ...."

ငိုပြီးပြောရင်း သူ့လက်တွေကိုအထိမခံ....။
ဘုရင် သူမကိုယ်လုံးလေးကိုခါးနှစ်ဖက်ကနေ
ခပ်ကြမ်းကြမ်းဆွဲပွေ့လိုက်တော့
ဟိုဘက်ခုံကနေ
မောင်းသူနေရာမှာရှိတဲ့သူ့ပေါင်ပေါ်ရောက်လာလေသည်။

ငိုထားတာမို့ရဲနီနေတဲ့နှုတ်ခမ်းဖူးလေးက
အနာရှိန်နဲ့ ချမ်းတာပေါင်းကာ တုန်ခါနေ၏။
ဘုရင် ကျောပြင်လေးကိုဆွဲနှိမ့်ချရင်းမှ
ထိုနှုတ်ခမ်းလေးကိုပဲစုပ်နမ်းလိုက်တော့
သူမကအလန့်တကြားနဲ့သူ့ရင်ဘတ်ကို
တွန်းထိုးလာသည်။

“ဘာလို့လဲ....."

“ကိုကိုလုပ်လို့သူသေသွားရင်
ဘယ်လိုလုပ်မလဲ...
စိတ်ကိုရှေ့တန်းမတင်လို့မရဘူးလား....
အမြဲတမ်းစိတ်ထင်တိုင်းလုပ်နေတာ
ဘုံ တကယ်စိတ်ပျက်လာပြီ...."

“ဟုတ်လား နေမကောင်းဖြစ်နေရက်နဲ့
မင်းစိတ်ဆိုးပြေအောင်
ကိုယ်တိုင်ချက်ပြုတ်စောင့်နေတဲ့ကိုယ်က
စိတ်ထင်တိုင်းလုပ်တာလား....
မင်းကိုချစ်လွန်းလို့
မသိအောင်တိတ်တိတ်လေး
ဖြည့်စည်းပေးမိတာ ကိုယ့်အပြစ်လား....
ကျောင်းတောင်ပျက်ပြီးမင်း
စိတ်အလိုကျအောင်
ကိုယ့်မှာအပင်ပန်းခံချက်ပြုတ်ထားတာ
ဒီဒဏ်ရာသက်သေပဲ.....”

တစ်ခါမှမချက်ပြုတ်ဖူးတာမို့
ရှခံလိုက်ရတဲ့ဓားချက်က အကြောတည့်တည့်...
အခုထိနာကျင်စပ်ဖျင်းပေမဲ့ သူမရဲ့
စကားပျင်းပျင်းတွေလောက်တော့ ဘယ်ဆိုးမလဲ??

သူမရဲ့မျက်ဝန်းလေးတွေ
ဖျော့တော့လာရင်းမှ

“ကိုကိုကျောင်းမတက်တာဒါကြောင့်လား...”

“ဟုတ်တယ် မင်းကိုလာပြ့န်ကြိုမလို့ကို
ကိုယ့်မှာအနာနဲ့ငါးလူးငါးပျံဖြစ်နေလို့
မလာခဲ့ရတာ...ကိုယ်တောင်အဲ့လောက်ထိ
ဂရုစိုက်ရတဲ့မင်းကို
သူကဘာကိစ္စစော်ကားရတာလဲ
ဒါတောင်မင်းတာလို့
မဟုတ်ရင်သူသေနေပြီ.....”

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now