👑👑20 Uni👑👑

2.2K 33 1
                                    

👑ဘုရင့်မူပိုင်👑

          Segment 👑20👑

အဝတ်လဲပြီး ကိုကို့အတွက် စိတ်အဆင်ပြေတဲ့
တီရှပ်နဲ့ဘောင်းဘီတစ်ထည်ကိုထုတ်ပေးခဲ့ရင်းမှ
ဘုံ အောက်ကိုဆင်းလာကာ မနက်စာပြင်ရန်
စီစဉ်လိုက်မိသည်။

ဆီ ဆန် ဆား အကုန်ဝယ်ပေးထားတဲ့ကိုကို့ကြောင့်
ဘာမှတောင့်တစရာမလိုပဲ ကိုကို့အတွက်နဲ့
ဘုံ့အတွက် ပသျူးထမင်းကြော်ကာ
မအီအောင်အချဉ်လေးသုပ်လိုက်လေ၏။

လက်ဖက်ရည်တစ်ခွက်ဖျော်ပေးရင်းမှ
ဆေးကြောသန့်စင်ကာကိုကိုမလာသေးသည်မို့အပေါ်ကိုတက်လာခဲ့သည်။

“ကိုကို...."

“အင်း...."

အပြင်ထွက်ပြီလားခေါ်ကြည့်ရင်း ဘုံ
အခန်းထဲဝင်တော့ရေလဲသဘတ်တစ်ထည်ပဲ
အောက်ပိုင်းပတ်ထားတဲ့ကိုကိုက ဖုန်းကြည့်နေတာမို့ ဘုံရင်မောသွားရ၏။
ပြီးပြီတောင်ထင်နေတာ အခုထက်ထိဘာမှ
မလုပ်ရသေး!!!

“ကိုကိုရယ် ဘုံကအကုန်လုပ်ပြီးနေပြီ....
ဘာတွေလုပ်နေတာလဲ အအေးပတ်တော့မှာပဲ....."

“ကိုယ်လုပ်စရာရှိလို့...."

ကြမ်းပြင်မှာလဲသူ့သဘတ်ကရေတွေ
တတောက်တောက်ကျနေတာကြောင့်
ဘုံ ကျစ်သပ်ရင်းမှ အနားသွားကာ
သူ့လက်မောင်းကိုထိကြည့်တော့ ထင်တဲ့အတိုင်း
အေးစက်နေသည်။

“ကြည့် လက်တွေအေးနေတာပဲ ရေအရင်မသုတ်ဘူး
အဲ့ဖုန်းကအဲ့လောက်တောင်ပဲအရေးကြီးနေလား??.....”

လက်ချောင်းတွေကိုဆွဲယူကြည့်တော့လဲ
တကယ်ကိုအေးစိမ့်နေတာမို့
ဘုံ အခန်းထဲကကြိုးတန်းလေးမှာ
အစီအရီတင်ထားတဲ့ သဘတ်တွေထဲကမှ
သူ့သဘတ်ကိုယူကာ အနားပြန်လျှောက်လာခဲ့၏။

“ကျစ် အဲ့ဖုန်းကြီးချထားစမ်းပါအုံး...."

စိတ်ကမရှည်တော့....သူအဝတ်ဝတ်မထားတာကိုသာ
စိတ်ဆိုးနေတာမို့ ဖုန်းကိုမွေ့ယာပေါ်ခပ်ဆတ်ဆတ်ပြစ်တင်ရင်း ရေစိုနေတဲ့ခေါင်းကိုခပ်ဖွဖွရေသုတ်ပေးမိသည်။

ထိုအချိန်မှာဘုံ သတိထားမိတဲ့အရာက
သူ့နဲ့နီးကပ်တဲ့အချိန် အရင်ကလောက်
စိတ်မသက်မသာမဖြစ်ဘူးဆိုတာပါပဲ....။
ဂရုဏာဒေါသနဲ့ စိတ်တွေဆတ်ရင်းမှ
ခေါင်းကိုခပ်မြန်မြန်သုတ်ပေးပြီးချိန်
ဘုံ ကုတင်ပေါ်တက်ရင်း သူ့ကျောပြင်ကိုပါ
သဘတ်နဲ့ဖွဖွသုတ်ပေးလိုက်၏။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now