👑ဘုရင့်မူပိုင်👑
Segment 👑33👑 🔞🔞
တစ်လမ်းလုံးတိတ်ဆိတ်လာတဲ့
ကိုကို့မျက်ဝန်းထဲ မျက်ရည်တစ်ချို့
ခပ်ရေးရေးလေးနေရာယူနေရှာသည်။ဘုံကိုယ်တိုင်လဲကိုကို့ကိုသနားလွန်းလို့
ဝဲတက်လာတဲ့မျက်ရည်တွေကို
ကိုကိုမမြင်လေအောင်ပွတ်သုပ်ရင်း
ကားမှန်ဘက်ကိုသာမျက်နှာမူထားလိုက်၏။အိမ်ကိုပြန်ရောက်လာတဲ့အချိန်
ငြိမ်သက်နေတဲ့ကိုကိုက ကားကိုသာ
စိုက်ကြည့်နေတာမို့ ဘုံ တိတ်ဆိတ်စွာ
ဆင်းသွားရင်းမှ ကိုကို့ဘက်ကတံခါးကို
သွားဖွင့်ပေးတော့ ဘာမှမဖြစ်သလိုပုံနဲ့
ကိုကိုကပြုံးပြသည်။အို ကိုကိုနာကျင်နေတာပဲ!!!
အမှတ်မထင်မြင်လိုက်ရတဲ့မျက်ရည်တစ်ချို့က ဘုံ့ရင်ကိုထုနှက်နေ၏။
ဘာမှမဖြစ်သည့်နှယ်ပြုံးပြနေတဲ့
ကိုကိုကတော့ ဘုံ့ပုခုံးလေးကိုကိုင်ရင်း
အိမ်ထဲကိုခပ်ဖြေးဖြေးလှမ်းဝင်လာခဲ့သည်။“ကိုကို!!....."
ပကတိအတိုင်းလှည့်ကြည့်လာ၏။
ကြည့်ရတာ ကိုကိုစိတ်ပြင်ဆင်ပြီးပြီနဲ့
တူပါရဲ့!!!ဆက်ပြောရန်စကားကမထွက်တော့တာမို့
ခေါင်းယမ်းပြလိုက်တော့ ကိုကိုက
အိမ်ထဲကိုသာဝင်လာခဲ့သည်။ဘုံလဲလိုက်ဝင်လာရင်းမှ ဆိုဖာမှာထိုင်တော့ ကိုကိုကဖျော်ရည်ဘူးယူလာရင်းမှ
ဘုံ့ဘေးချပေးကာ“သည်းငယ်လန့်သွားမှာပဲ သောက်လိုက်ဦး...."
ဘာမှမဖြစ်သလိုကိုကို့ပုံစံက
တကယ်အစစ်အမှန်လား?? မဟုတ်ရင်
ဟန်ဆောင်နေတာလား??“ကိုကိုဘာမှမခံစားရဖူးလားဟင်??...."
ဘုံမေးလိုက်တော့အအေးကိုမော့သောက်ရင်း ကိုကိုကပုခုံးတွန့်ပြကာ
“ဘာကိုပြောဝာာလဲ ကိုကိုကဘာကို
ခံစားရမှာလဲ??....."အဓိကမေးခွန်းကနေရှောင်ပြေးနေပုံထောက်ရင် ကိုကိုဒီပြသနာကို
ရင်မဆိုင်ချင်မှန်းသိတာမို့ ဘုံ
မျက်ရည်ဝဲဝဲနဲ့သာ ကိုကို့လက်မောင်းကို
ပါးလေးအပ်ရင်း
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romanceကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞