👑👑25 Uni👑👑

1.8K 30 2
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑25👑

ဟိုဘက်လှည့်ရင်း တိတ်ဆိတ်နေတဲ့ဘုံက
သူ့ကိုစိတ်ဆိုးနေမှန်းသိနေ၏။

“သည်းငယ်....”

ဘယ်လောက်ပဲတင်းခံနေပါစေ သူ့ရဲ့ခေါ်သံနဲ့တင်
နှလုံးသားတို့တုန်လှုပ်ပြန်သည်။
သို့ပေမဲ့နည်းနည်းစိတ်‌ဆိုးနေတာမို့
လှည့်မကြည့်ပဲနဲ့ ထိုတိုင်းပဲပေကပ်နေလိုက်မိ၏။

ကားပေါ်မှာခေါ်သံတို့တိတ်ဆိတ်သွားရင်းမှ
အသက်ရှုသံတို့သာ စေစားရာအတိုင်း
ဖြစ်ပေါ်နေသည်။

“သည်းငယ်.....”

ဒုတိယတစ်ကြိမ်ထူးလိုက်ဖို့ကို
ကားကိုအရှိန်တင်လိုက်တဲ့သူ့ကြောင့်
ပါးစပ်ဖျားမှာတင် ရပ်တန့်သွားရ၏။

“သည်း ငယ်....."

တစ်လုံးချင်းခေါ်လိုက်သံနောက်မှာ
အရှိန်လျော့သွားတဲ့ကားက တစ်နေရာအရောက်
ရပ်တန့်သွားသည်။
ဘေးဘီဝဲယာကြည့်တဲ့အခါ လူသူကင်းမဲ့နေ၏။

“ဘာလဲ...."

“အသံကိုပြင်လိုက်....."

သူ့စကားသံကမာထန်နေတာမို့
စိတ်တိုနေမှန်းသိကာ ဘုံ နည်းနည်းတော့
အန်းတန်းတန်းဖြစ်သွားရသည်။

“ဘာလို့လဲ....."

“ယောင်္ကျားကိုပြောတဲ့အသံက
ဒီလိုဖြစ်စရာလား...နည်းနည်း
ရိုသေသမှုလေးတော့ရှိရမှာပေါ့...."

“ဟွန့် လူလည်ကျတာ....ကိုကို
ဘုံမကြိုက်တဲ့အရာကိုလုပ်ခဲ့ပြီးတော့..."

“အကြောင်းပြချက်ကိုပြောပြီးပြီမလား??
မင်းကတကယ်ကိုတစိမ်းဆန်လွန်းတယ်.....”

စတီယာရင်ကိုင်ထားတဲ့သူ့လက်တွေ
တင်းကျပ်သွားတာခံစားမိ၏။
လတစ်လရဲ့စိတ်ပျက်စရာကောင်းသောရက်ကို
ရောက်နေတာမို့ စိတ်တွေဂယောက်ဂယက်...။
အလိုလိုဝမ်းနည်းလာသလိုလဲခံစားမိသည်။
ကိုကိုကဘုံ့ကိုစိတ်ကုန်နေတာလား??

“ကိုကို...."

ခပ်ဆတ်ဆတ်ခေါ်ပေမဲ့ပြန်ထူးသံမကြားရ....။
တောင့်တင်းနေတဲ့သူ့လက်မောင်းကိုဖိဆုပ်ပေမဲ့
ရုန်းထွက်သွားတာမို့ ကြောင်တောင်တောင်နဲ့
ကျန်ခဲ့ရ၏။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now