👑ဘုရင့်မူပိုင်👑
Segment 👑27👑
“ကိုကို ထတော့လေ....."
နှိုးရင်းမှ လုပ်နေကြအတိုင်းခန်းစည်းတွေကို
ဖွင့်ရင်းမှ ကိုကိုညကဖြစ်သလိုချွတ်ထားတဲ့
ရှပ်အင်္ကျီကိုကောက်ရင်းခြင်းထဲထည့်လိုက်သည်။သို့ပေမဲ့အခုထိမထသေးတဲ့ကိုကို့ကြောင့်
အနားသွားထိုင်ရင်းနှိုးပေမဲ့
ကိုကိုကတအင်းအင်း
အသံပေးရင်းမှ ညည်းသာညည်းနေ၏။“ကိုကို ဖျားတာမသက်သာဘူးလား....."
ညက ဘုံထိုအကြောင်းပြောပြီးထဲက
ကိုကိုတစ်ယောက် တန်းအိပ်ယာဝင်တာ
သတိထားမိသည်။
အခုလဲနှဖူးကျယ်ကိုစမ်းကြည့်တော့
ပူခြစ်နေတာမို့ စိုးရိမ်သွားမိ၏။ဘုံကတော့ညက ဆေးသောက်လိုက်ပေမဲ့
ကိုကို့ကိုနှိုးမရတာကြောင့် ထိုတိုင်းပဲ
ထားလိုက်ရလေသည်။
ဒီလိုမနက်ခင်းထပ်ဖျားမယ်မှန်းသိရင်
မရရအောင်တိုက်ခဲ့ပါတယ်....။“ကိုကို ထနိုင်လား....."
“ဟင်...."
စိတ်ရှုပ်သလိုပုံနဲ့မျက်ခုံးတွေကျုံ့သွားရင်းမှ
မျက်စိပွင့်လာတဲ့ကိုကို့ကြောင့် ဘုံ့လက်တွေ
တွန့်သွားရလေ၏။“အော် ဘာလဲဟင်...."
အိပ်ချင်မူးတူးနဲ့ဘုံ့ကိုမြင်ကာမှ
မျက်ဝန်းတွေပွတ်သပ်ကာမေးလေသည်။
ဘုံ မျက်နှာပေါ်ဝဲကျနေတဲ့ကိုကို့ဆံပင်
တစ်ချို့ကို
မရဲတရဲသပ်တင်ပေးလိုက်ရင်းမှ“ကိုကိုထနိုင်လားမေးနေတာ....ဘယ်လိုနေလဲ
ခေါင်းကိုက်လား ဘယ်နေရာတွေနာကျင်လဲ
နှာရောစီးလား...ချောင်းဆိုးချင်သလိုဖြစ်လား.....”များပြားလွန်းတဲ့သူမမေးခွန်းတွေကြောင့်
ဘုရင် ပြံးလိုက်မိရင်းမှ ကိုယ်လုံးလေးကို
ဆွဲဖက်ချလိုက်တော့ သူ့ဘေးကိုအလိုက်သင့်
ပါလာလေ၏။“ခဏလေးဖက်အိပ်ရအောင် သည်းငယ်လဲ
ဖျားနေတယ်မလား...ကိုကိုတို့အချင်းချင်း
အဖျားကူးကြတာပေါ့....."ကိုကို့အပြောကြောင့် အခုမှပဲသက်ပြင်းချနိုင်သည်။
ညကကိစ္စကိုစိတ်ဆိုးနေတယ်ထင်ပြီး...
ရင်မောလိုက်ရတာ တော်သေးတာပေါ့....
ကိုကိုစိတ်ဆိုးသွားပြီထင်တာ!!
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romanceကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞